
ရန်ကုန် ဩဂုတ် ၁၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ဩဂုတ် ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင် လူငယ်သင်တန်းကျောင်းသို့ လည်းကောင်း၊ ဩဂုတ် ၁၅ ရက်တွင် မွန် ပြည်နယ် မော်လမြိုင် လူငယ်သင်တန်းကျောင်းသို့ လည်းကောင်း သွားရောက်ကြည့်ရှုသည်။
သင်တန်းကျောင်းများသို့ ရောက် ရှိစဉ် သင်တန်းကျောင်းအုပ်များနှင့် တာဝန်ခံဆရာ၊ ဆရာမများက သင်တန်းကျောင်း၏ အဆောက်အအုံ အခြေအနေ၊ သင်တန်းကျောင်းတွင် လက်ခံစောင့်ရှောက်ထားသော ကလေး အမျိုးအစား၊ နေ့စဉ်အစားအသောက် ကျွေးမွေးမှု၊ သင်တန်းကျောင်းနေ လူငယ်များအတွက် နေ့စဉ်လုပ်ငန်း ဆောင်ရွက်မှု၊ ကျောင်းပညာသင်ယူ နေသည့် ကလေးသူငယ်များအတွက် ပညာရေးဆောင်ရွက်ထားမှု၊ ကျန်းမာ ရေးစောင့်ရှောက်ပေးမှု၊ အားကစား၊ ဂီတနှင့် အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ထားမှုအခြေအနေများနှင့် တွေ့ကြုံရသော အခက်အခဲများကို တင်ပြကြသည်။
ပူးပေါင်းကူညီ
တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အရ သင်တန်းကျောင်းများတွင် ကာကွယ်စောင့်ရှောက်မှု ပေးရန်နှင့် စာရိတ္တပြုပြင်ပေးရန် လိုအပ်သော ကလေးသူငယ်ဦးရေသည် များပြား လာခဲ့ပါကြောင်း၊ စီမံခန့်ခွဲမှုလုပ်ငန်း များကိုညွှန်ကြားချက်များ၊ သတ်မှတ် လုပ်ထုံးလုပ်နည်းများဖြင့် အကောင် အထည်ဖော်လျက်ရှိပါကြောင်း၊ ယခု ထက် ပိုမိုစနစ်ကျစေရန် လူငယ် သင်တန်းကျောင်း လက်စွဲစာအုပ်ကို ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ လက်စွဲစာအုပ်ရေးဆွဲကြ ရာတွင် လက်တွေ့ကြုံတွေ့ရသည့် အခြေအနေများ၊ ရင်ဆိုင်ဖြေရှင်းနေရ သည့် ပြဿနာများအပေါ် အခြေခံ၍ ဆရာ၊ ဆရာများနှင့် ဝန်ထမ်းများ ၏ တာဝန်ဝတ္တရားများအလိုက် ဆောင်ရွက်ရမည့် အသေးစိတ်လုပ်ငန်း စဉ်များကို ညှိနှိုင်းဆွေးနွေးပြီး ထည့်သွင်းဆောင်ရွက်ကြရန် လိုအပ် ပါကြောင်း၊ လူငယ်သင်တန်းကျောင်း သို့ ရောက်ရှိလာကြသည့် လူငယ်များ ထဲတွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ခိုးမှု၊ လုယက်မှုအများဆုံးဖြစ်ပြီး ယင်းအမှု များကို ကျူးလွန်ရခြင်း၏ အခြေခံ အကြောင်းရင်းများစွာ ရှိမည်ဖြစ်ပါ ကြောင်း၊ မိဘမဲ့ဖြစ်ခြင်း၊ မိဘ အုပ်ထိန်းမှုမခံရခြင်း၊ မိသားစုပြဿနာ ရှိခြင်း၊ ဆင်းရဲခြင်း၊ မိသားစုနှင့် ကင်းကွာလာခြင်းနှင့် မူးယစ်ဆေးဝါး သားကောင် ဖြစ်လာခြင်းများသည် အဓိကအကြောင်းရင်းများဖြစ်ပြီး ထို အခြေအနေများကြောင့် ပြစ်မှုများ ကျူးလွန်ခြင်း ဖြစ်ပါကြောင်း၊ ကိုယ်လက်လှုပ်ရှားအားကစားများ ပြုလုပ်စေခြင်း၊ ဂီတအနုပညာတွင် မွေ့လျော်စေခြင်း၊ သတင်းစာများ၊ စာစောင်များ ဖတ်ရှုစေခြင်းဖြင့် ခေတ် ကာလအခြေအနေများကို သိရှိ နားလည်စေခြင်း၊ လူငယ်များကို ပြုပြင်ပြောင်းလဲရာတွင် လူငယ် အချင်းချင်းက ထိရောက်စွာစည်းရုံးဆောင်ရွက်ခြင်း၊ သင်တန်းကျောင်း များတွင်လည်း ဝန်ထမ်းအင်အား နည်းပါးသည့်အတွက် လူငယ့်ရေးရာ ကော်မတီဝင်လူငယ်များ၏ ဆန္ဒ အရ ပူးပေါင်းကူညီမှု ရယူခြင်းတို့ကို ပြုလုပ်သင့်ပါကြောင်း ပြောကြား သည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းဥပဒေများ အရ ကာကွယ်စောင့်ရှောက်မှုလိုအပ် သော ကလေးသူငယ်များ၊ စာရိတ္တ ပြုပြင်ရန်လိုအပ်သော ကလေးသူငယ် များအတွက် လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး သန်လျင် လူငယ်သင်တန်းကျောင်း၊ ငှက်အော်စမ်း လူငယ်သင်တန်း ကျောင်း၊ မန္တလေးတိုင်းဒေသကြီး မန္တလေးလူငယ် သင်တန်းကျောင်း နှင့် မွန်ပြည်နယ် မော်လမြိုင် လူငယ် သင်တန်းကျောင်းတို့ကို ဖွင့်လှစ် ၍ ဆောင်ရွက်ပေးလျက်ရှိသည်။
ဖြည့်ဆည်းဆောင်ရွက်
အလားတူ ဒုတိယဝန်ကြီး ဦးစိုး အောင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူး မြို့နယ် ငှက်အော်စမ်း လူငယ် သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုရာ ငှက်အော်စမ်း လူငယ် သင်တန်းကျောင်းတာဝန်ခံက သင်တန်း ကျောင်းနှင့် ပတ်သက်၍ ဆောင်ရွက် ပေးနေမှုအခြေအနေ၊ လိုအပ်ချက်များ နှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြပြီး အဆောင်အလိုက်တာဝန်ယူ ဆောင်ရွက်နေသော ဝန်ထမ်းများက လိုအပ်ချက်များကို တင်ပြဆွေးနွေး ကြရာ ဒုတိယဝန်ကြီးက လုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန် တာဝန်ရှိသူများ အား မှာကြားသည်။
ငှက်အော်စမ်း လူငယ်သင်တန်း ကျောင်းတွင် ပြစ်မှုကျူးလွန်၍ ကလေး သူငယ်တရားရုံးက ပြစ်ဒဏ်စီရင်ခြင်း ခံရသော အမိန့်ကျကလေးသူငယ် ၅၂၅ ဦး၊ သင်တန်းကျောင်းက ပြုစု စောင့်ရှောက်ထားသော ကလေး ၈၂ ဦး စုစုပေါင်း ၆၀၇ ဦး၊ သန်လျင်လူငယ် သင်တန်းကျောင်းတွင် အမှုရင်ဆိုင်ဆဲ ရမန်ကလေး ၄၇၈ ဦး၊ သင်တန်း ကျောင်းက ပြုစုစောင့်ရှောက်ထား သော ကလေး ၂၇ ဦး စုစုပေါင်း ၅၀၅ဦး နှင့် မော်လမြိုင် လူငယ်သင်တန်း ကျောင်းတွင် အမှုရင်ဆိုင်ဆဲ ရမန် ကလေး ၁၁၄ ၊ ပြစ်မှုကျူးလွန်၍ ကလေးသူငယ်တရားရုံးက ပြစ်ဒဏ် စီရင်ခြင်းခံရသော အမိန့်ကျပြီး ကလေး သူငယ် ၁၁၀ ၊ သင်တန်းကျောင်းက ပြုစုစောင့်ရှောက်ထားသော ကလေး ၂၀ စုစုပေါင်း ၂၄၄ ဦးရှိပြီး ကလေး သူငယ်အခွင့်အရေးများ ချိုးဖောက်ခံ ရမှုမရှိစေရေး၊ လုံခြုံမှုရှိရေး၊ ဖွံ့ဖြိုး တိုးတက်ရေးများကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရန်နှင့် လိုအပ် ချက်များအတွက် အတတ်နိုင်ဆုံး စနစ် တကျ ဖြည့်ဆည်းနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ သတင်းစဉ်