ကမ္ဘာ့ကလေးများနေ့ အခမ်းအနား နေပြည်တော်၌ ကျင်းပ

 

နေပြည်တော် နိုဝင်ဘာ ၂၀


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန နေပြည်တော် လူမှုဝန်ထမ်း ဦးစီးဌာနက ကျင်းပသည့် (၃၂)ကြိမ် မြောက်    ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ     ကုလသမဂ္ဂ ကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ ကလေးများနေ့  အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ဇမ္ဗူသီရိ မြို့နယ်    ရင်သွေးရတနာမူကြို ကျောင်းခန်းမ၌       ကျင်းပရာ နေပြည်တော်  ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုး၊ နေပြည်တော် ကောင်စီအတွင်းရေးမှူး ဒေါ်ဆွေ ဆွေနိုင်၊  နေပြည်တော် ကလေး သူငယ်   အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊        ပရဟိတ ဂေဟာများမှ ဂေဟာမှူးများနှင့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်း များမှ တာဝန်ရှိသူများ   တက် ရောက်ကြသည်။

 


 ပြောကြား


အခမ်းအနားတွင် နေပြည်တော် ကလေးသူငယ်    အခွင့်အရေး များဆိုင်ရာ   ကော်မတီဥက္ကဋ္ဌက ပြည်သူလူထုတစ်ရပ်လုံး    သိရှိ နားလည်ပြီး ကလေးသူငယ်များ၏ အခွင့်အရေးများကို ကလေးတိုင်း လက်လှမ်းမီ    တန်းတူညီတူရရှိ နိုင်စေရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ    တာဝန်ရှိသူ များကလည်း     ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ နိုင်ငံတော်နှင့် တာဝန်ရှိအဖွဲ့အစည်း များကလည်း     ကလေးသူငယ်များ ၏   အခွင့်အရေးများအား   ပိုမို မြှင့်တင်ဖော်ဆောင်ပေးကြစေလို ကြောင်း  ပြောကြားသည်။

 


လက်ဆောင်ပစ္စည်းများ ပေးအပ်


ဆက်လက်၍  နေပြည်တော် ကလေးပြုစုရေးဌာန၊ စမတောင် ပရဟိတဂေဟာ၊     အေးမေတ္တာစံ ပရဟိတဂေဟာ၊         ကျောင်းစု ပရဟိတဂေဟာ၊ စက်ရုံပရဟိတ ဂေဟာနှင့်   သုဇနကာရီပရဟိတ ဂေဟာရှိ     ကလေးငယ်များက တေးသီချင်းများဖြင့် ကပြဖျော်ဖြေ ရာ နေပြည်တော် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌနှင့်   ဌာနဆိုင်ရာ တာဝန်ရှိသူ များက       ကြည့်ရှုအားပေးပြီး  လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်း     သိရသည်။


မြို့နယ် (ပြန်/ဆက်)