
မကွေး နိုဝင်ဘာ ၂၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၃၂)ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ကလေး သူငယ်များအကျိုးကို မြှင့်တင် ရန်နှင့် ကလေးသူငယ်များအတွက် အကျိုးကျေးဇူးများ ရရှိစေမည့် ကိစ္စရပ်များကို ဦးဆောင်လှုပ်ရှား မှုများရရှိစေရန် ရည်ရွယ်ပြီး နှစ်စဉ် နိုဝင်ဘာ ၂၀ ရက် နေ့တိုင်း တွင် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်း ရှင်း နှစ်ပတ်လည်နေ့ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကျင်းပလျက်ရှိ ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ကလေးသူငယ်များ ကြုံတွေ့နေရ သော လွဲမှားစွာပြုကျင့်ခံရခြင်း၊ နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရ ခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ် ခံရခြင်းများနှင့် ခွဲခြားဆက်ဆံမှု ခံရခြင်းများကို အများပြည်သူများ သိရှိပြီး ဝိုင်းဝန်းကာကွယ်တားဆီး စောင့်ရှောက်ပေးနိုင်ရန်အတွက် ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာ နိုင်ငံသည်လည်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလ သမဂ္ဂကွန်ဗင်းရှင်းကို ၁၉၉၁ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် ပါဝင် လက်မှတ်ရေးထိုးခဲ့ပြီး ဩဂုတ် ၁၅ ရက်တွင် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာခဲ့ပါကြောင်းနှင့် ကလေးသူငယ်များသည် နိုင်ငံ တစ်နိုင်ငံ၏ အနာဂတ်ဖြစ်သော ကြောင့် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍရပ် များအား အလေးထားဂရုစိုက်ခြင်း ဖြင့် ကလေးများအတွက် ပိုမို ကောင်းမွန်၍ လုံခြုံစိတ်ချရသော အနာဂတ်တစ်ခု ဖန်တီးပေးနိုင် ရန်အတွက် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေး စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသူတစ်ဦး က ကလေးများတွင် ရရှိရမည့် ကလေးသူငယ်အခွင့်အရေးများ နှင့် ပတ်သက်၍ ပြောကြားပြီး ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ အသိပညာပေးဗီဒီယိုကို ပြသသည်။ ထို့နောက် မကွေး မူလတန်းကြိုကျောင်းနှင့် မကွေး ကလေးပြုစုရေးဌာနမှ ရင်သွေး ငယ်များက တေးသီချင်းအက များဖြင့် ဖျော်ဖြေတင်ဆက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့်တို့က ဆုငွေ နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
ကိုအောင်