သံဖြူဇရပ်မြို့ စက်စဲကမ်းခြေ၌ အပန်းဖြေအနားယူသူများ စည်ကားလျက်ရှိ

 

သံဖြူဇရပ် နိုဝင်ဘာ ၁၈


မွန်ပြည်နယ် သံဖြူဇရပ်မြို့ရှိ  စက်စဲကမ်း​ခြေ၌ တန်ဆောင်မုန်းလပြည့်နေ့ နေ့လယ်ပိုင်းမှစတင်ကာ ကမ်းခြေသို့ လာရောက်အပန်းဖြေကြသည့် ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

 


သံဖြူဇရပ်မြို့နယ်တွင်  ကျန်းမာရေးဝန်ကြီးဌာန၏   ကိုဗစ်- ၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ   ဆောင်ရွက်ပေးထားပြီး ရပ်နီး၊  ရပ်ဝေးမှ  စက်စဲကမ်းခြေသို့  လာရောက်အပန်းဖြေသူများ၊ ကမ်းခြေတွင်  စက်ဘီးစီး၊ မြင်းစီး၊  ဆိုင်ကယ်အပျော်စီးသူများ၊ ရေကစား ကြသူများနှင့် စားစရာမုန့်ဆိုင်၊ ကလေးကစားစရာ၊ အဝတ်အထည်များ နှင့်  အမှတ်တရလက်ဆောင်ပစ္စည်းများရောင်းချသည့် စျေးဆိုင်တန်း များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

အေးအေးမွန်(ပြန်/ဆက်)