
နေပြည်တော် နိုဝင်ဘာ ၁၆
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး၊ ဘာသာ မရွေး အသက် ၅၅ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊ နာတာရှည်ရောဂါအခံရှိသူ များ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ များ စသည့်ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက် ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ် သုံးမြို့နယ်တို့၌ ဒေသခံပြည်သူ ၁၈၈၈ ဦး၊ ရှမ်းပြည်နယ် (အရှေ့ ပိုင်း)အတွင်းရှိ မြို့နယ် ခုနစ်မြို့ နယ်တို့၌ ဒေသခံပြည်သူ ၂၈၈၇ ဦး၊ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်တို့၌ သံဃာတော်များ နှင့် ဒေသခံပြည်သူ ၂၉၈၂၁ ဦး၊ တနင်္သာရီတိုင်းဒေသကြီး အတွင်း ရှိ မြို့နယ်သုံးမြို့နယ်တို့၌ ဒေသခံ ပြည်သူ ၇၁၆၈ ဦး၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် လေးမြို့နယ်တို့၌ ဒေသခံပြည်သူ ၃၅၉၀ ၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၄၀၆၅၅ ဦး၊ ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ် လေးမြို့နယ်တို့၌ ဒေသခံပြည်သူ ၈၆၁၉ ဦး၊ စစ်ကိုင်းတိုင်းဒေသ ကြီး ဆားလင်းကြီးမြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၁၅၅ ဦး၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခုမှ ဒေသခံပြည်သူ ၈၃၄၀၀ ၊ ပဲခူးတိုင်း ဒေသကြီး ထန်းတပင်မြို့နယ်၌ ဒေသခံပြည်သူ ၈၄၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ သည်။
ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိရာ ယနေ့တွင် ရှမ်း ပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံ မြို့နှင့် နမ့်ဆန်မြို့တို့၌ ကျောင်း သား ကျောင်းသူ ၁၂၉ ဦး(ဝဲပုံ)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ရှိ မြို့နယ်ခြောက်မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၁၇၅၄ ဦး၊ မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၈၀၀၈ ဦး၊ တနင်္သာရီ တိုင်းဒေသကြီး ပလောက်မြို့နယ် ၌ ကျောင်းသား ကျောင်းသူ ၂၂၄ ဦး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၃၉၅၄ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်လေးမြို့နယ်တို့၌ ကျောင်း သား ကျောင်းသူ ၃၃၂၃ ဦးနှင့် ပဲခူးတိုင်းဒေသကြီး ထန်းတပင် မြို့နယ်၌ ကျောင်းသား ကျောင်း သူ ၁၃၄ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးခြင်းများ ဆောင် ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်