
မြစ်ကြီးနား နို၀င်ဘာ ၁၃
ကချင်ပြည်နယ်အတွင်းမှ တရုတ် ပြည်သူ့သမ္မတနိုင်ငံသားများ အနေဖြင့် နေရပ်တရုတ်ပြည်သို့ ပြန်ရာတွင် တရား၀င် ၀င်ထွက်သွားလာစေရေး နှင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းကိစ္စရပ် များကို စနစ်တကျ ဆောင်ရွက်နိုင်ရေး အတွက် ကချင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် ၀န်ကြီးချုပ် ဦးခက်ထိန်နန်က ယူနန် ဘုံကျောင်းမှ တာ၀န်ရှိသူများနှင့် နို၀င် ဘာ ၁၁ ရက်က တွေ့ဆုံဆွေးနွေးသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ရောဂါကာကွယ် ရေးကာလဖြစ်၍ အိမ်နီးချင်း တရုတ်နိုင်ငံ သားများအနေဖြင့် ကန်ပိုက်တီနယ်စပ် ဂိတ်မှတစ်ဆင့် နေရပ်ပြန်ရာတွင် လူ၀င် မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်နယ်ဦးစီးမှူးရုံးတွင် တရား၀င် စာရင်းပေးသွင်းကာ ကိုဗစ်-၁၉ရောဂါ စစ်ဆေးခြင်းနှင့် လိုအပ်ပါက ကွာရန်တင်း၀င်စေပြီး ကျန်းမာရေး ထောက်ခံချက်ဖြင့် ပြည်တော်ပြန်စေ မည်ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေဖြင့်လည်း ၎င်းတို့ နိုင်ငံအတွင်းသို့ တရား၀င် ၀င်ရောက် လာသူများကိုသာ စိစစ်လက်ခံစေရေးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျန်းမာရေး ၀န်ထမ်းများက ကန်ပိုက်တီနယ်စပ်ဂိတ် တွင် ၎င်းတို့၏ နိုင်ငံသားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရေးတို့ ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း က အိမ်နီးချင်းတရုတ်နိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ လမ်းကြောင်းအမျိုးမျိုးဖြင့် ၀င်ရောက်ရာ တွင် နေရာအတည်တကျထားရှိကာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးနိုင်ရေး၊ တရားမ၀င် ၀င်ထွက်သွားလာနေသူများ အား အရေးယူဆောင်ရွက်ရေး ကိစ္စရပ် များကိုလည်းကောင်း၊ ပြည်နယ်လူမှု ရေးရာ၀န်ကြီး ဦး၀င်းရဲထွန်းက တရုတ် ပြည်သူ့သမ္မတနိုင်ငံသားများ အနေဖြင့် ကန်ပိုက်တီနယ်စပ်ဂိတ်မှတစ်ဆင့် နေရပ် ပြန်ရာတွင် စနစ်တကျ တရား၀င် ၀င်ရောက်နိုင်ရေးအတွက် လူ၀င်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာန ပြည်နယ်ဦးစီးမှူးရုံးနှင့် ချိတ် ဆက်ဆောင်ရွက်ရေးကို လည်းကောင်း၊ ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာတင့်နိုင်က တရုတ် နိုင်ငံသားများအား မြစ်ကြီးနားနှင့် ကန်ပိုက်တီနယ်စပ်ဂိတ်တို့တွင် CPR စက် ဖြင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေး ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများကို လည်းကောင်း ဆွေးနွေးသည်။
ထို့နောက် ယူနန်ဘုံကျောင်းမှ တာ၀န်ရှိသူများက တရုတ်ပြည်သူ့ သမ္မတနိုင်ငံသားများ နေရပ်ပြန်ရာတွင် အဆင်ပြေချောမွေ့စေရန် ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်းနှင့် ကွာရန်တင်း ၀င်ရောက်နိုင်ရေး ကိစ္စရပ်များတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန် မှုများအတိုင်း ကူညီဆောင်ရွက်မည် ဖြစ်ကြောင်း ဆွေးနွေးပြီးနောက် ပြည်နယ်၀န်ကြီးချုပ်က အဆိုပါ တရုတ် နိုင်ငံသားများ နေရပ်ပြန်ရေးကိစ္စသည် နှစ်နိုင်ငံကိစ္စရပ်ဖြစ်၍ တာ၀န်ရှိသူများ အားလုံး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ယူနန်ဘုံကျောင်းမှ တာ၀န်ရှိ သူများကလည်း တတ်အားသရွေ့ ကူညီ ပေးရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)