
နေပြည်တော် ဩဂုတ် ၉
နန့်ယင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့ နံနက် ၉ နာရီခွဲ တိုင်းထွာချက်များအရ နန့်ယင်းမြစ်ရေသည် မိုးကောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေ ကျော်ခန့် ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် တစ်ရက်အတွင်း နှစ်ပေခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
နန့်ကောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
နန့်ကောင်းမြစ်ရေသည် မိုးကောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ် ရေမှတ်သို့ ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက် အတွင်း နှစ်ပေခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်သည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ မိုးကောင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။ မိုး/ဇလ