ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိ

 

(၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး၊ (၁၂) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ 
အစည်းအဝေးနှင့် (၁၉)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးများသို့ တက်ရောက်ခဲ့ကြသည့် ညှိနှိုင်းကွပ်ကဲရေးမှူး
(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိ

 

နေပြည်တော်   မတ်   ၁၈


ကမ္ဘောဒီးယားနိုင်ငံက   အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက်   အာဆီယံတပ်မတော် ကာကွယ်ရေး        ဦးစီးချုပ်များ အစည်းအဝေး၊ (၁၂) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ     အစည်းအဝေးနှင့် (၁၉)ကြိမ်မြောက်     အာဆီယံ တပ်မတော်     ထောက်လှမ်းရေး မှူးချုပ်များ အစည်းအဝေးများသို့ တက်ရောက်ခဲ့ကြသည့်    ညှိနှိုင်း ကွပ်ကဲရေးမှူး  (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး    မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး  မိုးမြင့်ထွန်း နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ဦးဆောင်သော       မြန်မာ့ တပ်မတော်   ကိုယ်စားလှယ်အဖွဲ့ သည်      ယနေ့ညနေပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ     ဖနောင်ပင် လေဆိပ်မှ      နေပြည်တော် လေဆိပ်သို့  တပ်မတော်   အထူး လေယာဉ်ဖြင့်   ပြန်လည်ထွက်ခွာ ကြသည်။
မြန်မာ့တပ်မတော် ကိုယ်စား လှယ်အဖွဲ့အား    ကမ္ဘောဒီးယား ဘုရင့်တပ်မတော်မှ   ဒုတိယပူးတွဲ စစ်ဦးစီးမှူးဖြစ်သူ Lt. Gen. Meas VANNA  နှင့်   တာဝန်ရှိသူများ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံအမတ်ကြီး   ဦးသစ်လင်း အုန်း၊   မြန်မာစစ်သံ (ကြည်း၊ရေ၊ လေ) ဗိုလ်မှူးချုပ် သူရလှမင်းနှင့် ကမ္ဘောဒီးယားနိုင်ငံမှ  တာဝန်ရှိသူ များက   လေဆိပ်တွင်   ပို့ဆောင် နှုတ်ဆက်ကြသည်။

 


အဆိုပါ   မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည်      ညနေ ၆ နာရီတွင်       နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည် ရောက်ရှိကြရာ   ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း)မှ  ဒုတိယဗိုလ်ချုပ် ကြီး သန်းထွန်းဦး၊   စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ နေပြည်တော်တိုင်း    စစ်ဌာနချုပ် တိုင်းမှူးနှင့်        တာဝန်ရှိသူများ က    လေဆိပ်တွင်      ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း      သတင်း ရရှိသည်။


    သတင်းစဉ်