
ညောင်ဦး စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျောက်ကူးမြစ်ရေတင်မှ ပေးလွှတ်သော လျှပ်စစ် မြစ်ရေတင်ရေဖြင့် မိုးစပါး ၁၅၁ ဧက စိုက်ပျိုးပြီးစီး ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာန တာဝန်ရှိသူများထံမှ သိရသည်။
ညောင်ဦးမြို့နယ် ကျောက်ကူး လျှပ်စစ်မြစ်ရေ တင်ဖြင့် မိုးစပါးစိုက်ပျိုးရန် ဇူလိုင်လတွင် စတင် ပျိုးထောင်ခဲ့ကြောင်း၊ ဩဂုတ်လဆန်းပိုင်းကစတင်၍ ပျိုးပင်များလယ်ကွင်းအတွင်း ရွှေ့ပြောင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။ ကျောက်ကူးလျှပ်စစ်မြစ်ရေတင် ဖြင့် စိုက်ပျိုးသည့် စပါးမျိုးမှာ ဧရာမင်း၊ မနော သုခ၊ ဆင်းသုခစပါးမျိုးများသာ တောင်သူများစိုက်ပျိုး ကြပြီး ပျိုးထောင်ရက် ၂၁ ရက်အကြာတွင် စိုက်ပျိုး မည့် လယ်မြေအတွင်း ရွှေ့ပြောင်းစိုက်ပျိုးရကြောင်း စပါးတစ်သီးရင့်မှည့်ချိန်အထိ ငါးလကြာမြင့်ကြောင်း မိုးစပါးစိုက်တောင်သူများက ပြောသည်။
မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် မိုးစပါးစိုက်တောင်သူများ စပါးသီးနှံ ရိတ်သိမ်းပြီးချိန်အထိ တစ်ဧကစိုက်ပျိုးရေသွင်းစရိတ် ငွေကျပ် ၆၀၀၀ ပေးသွင်းရပြီး နွေစပါးစိုက်ပျိုးချိန်တွင် စပါးတစ်သီးစာ ငွေကျပ် ၉၀၀၀ ပေးရကြောင်း၊ အခြားသီးနှံအတွက် ငွေကျပ် ၃၀၀၀ ပေးသွင်းရကြောင်း သိရသည်။ မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့်စပါးများ အထွက်နှုန်းပုံမှန် ကောင်းမွန်ကြောင်း၊ မိုးစပါးဆိုသော်လည်း ညောင်ဦးဒေသတွင် တစ်နှစ်ပတ်လုံးမှ မိုးရေချိန်လက်မ ၂၀ အောက်သာရွာသွန်းခြင်း ကြောင့် စပါးအောင်ရေအထိ မြစ်ရေတင် ရေသွင်းရကြောင်း တောင်သူ များက ရှင်းပြသည်။
ဒီပါလင်း