
ညောင်ဦး ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့၌ ဧရာဝတီမြစ်ရေ စိုးရိမ် ရေမှတ်အထက် ကျော်လွန်ရောက် ရှိနေပြီး ဧရာဝတီမြစ်ရေဝင်ရောက် မှုကြောင့် ကိုယ်ပိုင်အထက်တန်း ကျောင်းတစ်ကျောင်းနှင့် အခြေခံ ပညာမူလတန်းကျောင်း ၁၁ကျောင်း ယာယီ ပိတ်ထားရကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံမှ သိရ သည်။
ညောင်ဦးမြို့တွင် ဧရာဝတီ မြစ်ရေ စိုးရိမ်ရေမှတ်မှာ ၂၁၂၀ စင်တီမီတာဖြစ်ပြီး ဇူလိုင် ၁၇ ရက် နံနက် ၁၁ နာရီတိုင်းထွာချက်အရ ၂၂၆၂ စင်တီမီတာရောက်ရှိနေကာ ညောင်ဦးမြို့နယ်၏ စိုးရိမ်ရေမှတ် အထက် ၁၄၂ စင်တီမီတာ ကျော် လွန် ရောက်ရှိနေသေးကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာန တာဝန်ခံ ဒေါ်ခင်လှနုထွေးက ပြော ကြားသည်။
ဒီပါလင်း