ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်သို့ရောက်ရန် တစ်ပေခန့်သာလို

 

ညောင်ဦး ဩဂုတ် ၂၉


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တွင်  မိုးလေဝသနှင့်  ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဩဂုတ် ၂၉ ရက် နံနက် ၆ နာရီ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၀၉၁ စင်တီမီတာသို့ရောက်ရှိနေပြီး ညောင်ဦး မြို့၏ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ ရောက်ရှိရန်  ၂၉  စင်တီမီတာသာ  လိုတော့ ကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်  ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


ဩဂုတ် ၂၈ ရက် ညနေပိုင်းက ညောင်ဦး မြို့နယ်၌  မြစ်ရေအမှတ်မှာ ၂၀၈၆ စင်တီ မီတာရှိခဲ့ကာ ၂၉ ရက် နံနက်တွင် ထပ်မံမြင့် တက်လာပြီး     စိုးရိမ်ရေမှတ်သို့ရောက်ရန် တဖြည်းဖြည်းနီးလာခြင်းဖြစ်သည်။ 


ထို့ကြောင့် မြစ်ကမ်းဘေးနေပြည်သူများ ရေဘေးအသိ သတိ ရှိစေရန် ညောင်ဦးမြို့ ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်းကာ မြစ်ရေကြီးမှုအခြေ အနေ၊ မြစ်ရေကျမှုအခြေအနေများကို နေ့စဉ် သတင်းထုတ်ပြန်ပေးလျက်ရှိသလို မြို့နယ် မီးသတ်ဦးစီးဌာနနှင့်    ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်အတွင်း စက်လှေများဖြင့်လှည့်လည်ပြီး  မြစ်ကမ်းဘေးနေပြည်သူများအား အသံချဲ့ စက်ဖြင့် ကြေညာပေး၍ မြစ်ရေကြီးမှုအခြေ အနေဆိုင်ရာ သတိပေးနှိုးဆော်မှုများ ပြုလုပ် နေကြောင်း     မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်မင်းသူက ပြောကြားသည်။


ညောင်ဦးမြို့နယ်၌  မြစ်ရေတိုင်းတာခြင်း များကို  လက်ရှိအချိန်တွင်  တစ်နေ့သုံးကြိမ် တိုင်းတာလျက်ရှိပြီး စိုးရိမ်ရေမှတ်ရောက်ရှိ ပါက  တစ်နာရီတစ်ကြိမ်  တိုင်းတာသွားမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။


မောင်မောင်ထိန်(ကျောက်ပန်းတောင်း)