
ညောင်ဦး ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့နယ်တွင် မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဩဂုတ်၂၄ ရက် မွန်းတည့် ၁၂ နာရီ တိုင်းထွာချက်အရ ဧရာဝတီ မြစ်ရေမှတ်သည် ၂၀၃၂ စင်တီ မီတာသို့ ရောက်ရှိနေပြီး ညောင်ဦး မြို့၏ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီ မီတာသို့ ရောက်ရှိရန် ၈၄ စင်တီမီ တာသာလိုတော့ကြောင်း ညောင်ဦး မြို့ မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။
မြစ်ရေသည် ဩဂုတ် ၂၄ ရက် နံနက် ၆ နာရီတွင် ၂၀၂၈ စင်တီ မီတာရှိပြီး မွန်းလွဲပိုင်းတွင် ၂၀၃၂ စင်တီမီတာသို့ ရောက်ရှိလာ ခြင်းဖြစ်ကြောင်း၊ ဧရာဝတီမြစ်ရေ ကြီးမှု အခြေအနေနှင့် ပတ်သက် သည့် အချက်အလက်များကို ညောင်ဦးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်းကာ ပြည်သူ များထံ နေ့စဉ်သတင်းထုတ်ပြန် ပေးနေကြောင်းနှင့် ညောင်ဦး မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ကလည်း မြစ် အတွင်း စက်လှေများဖြင့် လှည့် လည်၍ မြစ်ကမ်းဘေးနေပြည်သူ များ မြစ်ရေကြီးမှု အခြေအနေကို သိရှိစေရန် အသံချဲ့စက်များဖြင့် သတိပေးနှိုးဆော်ပေးနေကြောင်း သိရသည်။
မောင်မောင်ထိန်
(ကျောက်ပန်းတောင်း)