ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၌ ပညာရေးစုံညီပွဲတော် ကျင်းပ

 

ညောင်ဦး  ဇန်နဝါရီ  ၁၂


မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့   အခြေခံပညာအထက်တန်း ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင် နှစ်   ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီ က ကျင်းပသည်။

 


ရှေးဦးစွာ        အခြေခံပညာ အထက်တန်းကျောင်း(ညောင်ဦး) ကျောင်းသား  ကျောင်းသူများက စုံညီပွဲတော်  ဒို့နွှဲပျော်သီချင်းဖြင့် သီဆိုဖျော်ဖြေ       ဖွင့်လှစ်သည်။ ထို့နောက် ညောင်ဦးမြို့နယ် ပညာ ရေးမှူး    ဒေါ်သန်းသန်းအေးက အမှာစကားပြောကြားပြီး မြို့နယ် အဆင့်      လူရည်ချွန်ရရှိသော ကျောင်းသားကျောင်းသူ များကို ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ စီမံအဖွဲ့ ဝင်  ဦးဆန်းထွန်းတို့က  ဆုများ ချီးမြှင့်ပေးအပ်သည်။

 


ဆက်လက်၍   အမှတ် (၄)   အခြေခံပညာ    မူလတန်းလွန် ကျောင်း၊   အခြေခံပညာ   အထက် တန်းကျောင်း  (ခွဲ)   ယမ်းစမ်း၊ အခြေခံပညာ     အထက်တန်း ကျောင်း  (မြို့မ) ၊   အခြေခံပညာ မူလတန်းကျောင်း   (တပ်တွင်း)        ကျောင်းသား ကျောင်းသူများက    တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ ကြသည်။

 


ယင်းနောက်   အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ဆုရရှိသူများ၊ ကမ္ဘာ့ ဆရာများနေ့    အထိမ်းအမှတ် အထက်တန်းဆင့်၊  အလယ်တန်း ဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများ တွင်  ဆုရရှိသူများ၊  နိုင်ငံတကာ စာတတ်မြောက်ရေးနေ့  အထိမ်း အမှတ်အထက်တန်းဆင့်၊အလယ် တန်းဆင့် ဆုရရှိကြသူများ၊ ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့  ပေးစာရေး ပြိုင်ပွဲ    အထက်တန်းဆင့်    စာစီ စာကုံးပြိုင်ပွဲတွင်    ဆုရကျောင်း သား ကျောင်းသူများ၊   မြို့နယ် အဆင့်  အားကစားဆုရရှိသူများ အား ညောင်ဦးမြို့နယ် ပညာရေး မှူး ဒေါ်သန်းသန်းအေး၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန  ဦးစီးအရာရှိ  ဒေါ်သူဇာစိုး၊ အားကစားနှင့် ကာယပညာဦးစီး ဌာန    ဦးစီးအရာရှိ    ဦးရဲသွင်နှင့် ကျောင်းအုပ်ဆရာကြီး / ဆရာမ ကြီးများက   ဆုများ  ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။      

ဒီပါလင်း