
ညောင်ဦး ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦး ခရိုင်အတွင်း၌ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းအထိ လူဦးရေ ၃၁၀၉၁၁ ဦးအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးခဲ့ပြီးဖြစ် ကြောင်း ညောင်ဦးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ညောင်ဦးခရိုင် အတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန်အတွက် ကျောက် ပန်းတောင်းမြို့နယ်တွင် သတ် မှတ် စုရပ် ၁၂ နေရာ၊ ညောင်ဦး မြို့နယ်တွင် သတ်မှတ်စုရပ် ၁၂ နေရာ၌ ကိုဗစ်- ၁၉ ကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် Sino- pharm ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးပေးနိုင်မှု ၈၈၅၃၀၊ ဒုတိယအကြိမ် ၅၀၃၂၀ ၊ Sinovac ပထမအကြိမ် ၃၇၃၀ ၊ ဒုတိယအကြိမ် ၃၂၅၄ ဦး စုစုပေါင်း ၁၄၅၈၃၄ ဦး ထိုးနိုင် ပေးခဲ့ပြီဖြစ်သည်။ ကျောက်ပန်း တောင်း မြို့နယ်တွင် Sinopharm ကာကွယ်ဆေး ပထမအကြိမ် ထိုးပေးနိုင်မှု ၉၅၁၉၁ ဦး၊ ဒုတိယ အကြိမ် ထိုးပေးနိုင်မှု ၆၀၂၄၇ဦး၊ Sinovac ကာကွယ်ဆေး ပထမ အကြိမ်ထိုးပေးနိုင်မှု ၅၂၉၄ ဦးနှင့် ဒုတိယအကြိမ် ၄၃၄၅ ဦး ထိုးပေး နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဆေးခွဲတမ်းရရှိမှု အပေါ် မူတည်၍ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်းနှင့် ဝေးလံသည့် ကျေးရွာ များသို့လည်း နယ်လှည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအဖွဲ့များ ဖြင့် လိုက်လံထိုးနှံပေးလျက်ရှိ ကြောင်း ညောင်ဦးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင် ထံမှ သိရသည်။
မောင်မောင်ထိန်
(ကျောက်ပန်းတောင်း)