ညောင်ဦးခရိုင်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂၂၉၈၇၃ ဦးအား ထိုးပေးနိုင်ပြီဖြစ်

 

ညောင်ဦး   ဒီဇင်ဘာ   ၅


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ညောင်ဦး ခရိုင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးပေးနိုင်မှုမှာ ဒီဇင်ဘာ ၂  ရက်အထိ ၂၂၉၈၇၃  ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

 


ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန်   ကျောက်ပန်း တောင်းမြို့နယ်၌  သတ်မှတ်စုရပ် ၁၂ နေရာ၊ ညောင်ဦးမြို့နယ်၌   သတ်မှတ်စုရပ်   ၁၂ နေရာ ဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာ   ညောင်ဦးမြို့နယ်တွင်   ပထမအကြိမ် ဆီနိုဖမ်း  ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၅၅၆၉၀၊ ဒုတိယအကြိမ် ဆီနိုဖမ်း ၃၉၈၉၅ ဦး၊ ပထမအကြိမ်  ဆီနိုဗက် ၃၃၁၆ ဦး၊ ဒုတိယ အကြိမ် ဆီနိုဗက် ထိုးပေးနိုင်မှု   ၂၄၁၄   ဦး ထိုးပေးနိုင်ခဲ့ပြီးဖြစ်ကာ    ကျောက်ပန်းတောင်း မြို့နယ်၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆီနိုဖမ်းထိုးပေးနိုင်မှု ၆၉၄၆၅ဦး၊ ဒုတိယအကြိမ် ဆီနိုဖမ်းထိုးပေးနိုင်မှု   ၅၀၄၅၇ ဦး၊   ပထမအကြိမ်   ဆီနိုဗက်  ထိုးပေးနိုင်မှု ၄၄၉၄ ဦး၊ ဒုတိယအကြိမ် ဆီနိုဗက်  ၄၂၀၂ ဦး ထိုးပေးနိုင်ပြီဖြစ်ကြောင်း၊    ဆေးခွဲတမ်းရရှိ မှုအပေါ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း၊ ဝေးလံသည့် ကျေးရွာများသို့လည်း နယ်လှည့် ကိုဗစ်-၁၉    ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးတိုးလွင်ထံက သိရသည်။


မောင်မောင်ထိန်(ကျောက်ပန်းတောင်း)