
ညောင်တုန်း ဩဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ နယ်၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ နှင့် အောက်ဆီဂျင်လိုအပ်နေသောလူနာ များအား အမြန်ဆုံးကုသပေးနိုင်ရေး၊ အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေးတို့ အတွက် We Love Nyaungdon လူမှု ပရဟိတအဖွဲ့က အများပြည်သူ ထည့်ဝင် လှူဒါန်းငွေများဖြင့် ဩဂုတ်လဆန်းပိုင်းမှ စတင်ကာ အောက်ဆီဂျင်စက်ရုံ အမြန်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်၊၊
ယခုတည်ဆောက်မည့် အောက်ဆီ ဂျင်စက်ရုံမှ တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်ဘူး ၄၀ ထုတ်လုပ် ဖြည့်သွင်းပေးနိုင်မည်ဖြစ်သည်၊၊ အဆိုပါ အောက်ဆီဂျင်စက်ရုံသည် ခန့်မှန်း တန်ဖိုးငွေကျပ် သိန်း ၇၅၀ ခန့် ကုန်ကျ မည်ဖြစ်ပြီး စက်ရုံတစ်ခုလုံးပြီးစီး နိုင်ရေးအတွက် ငွေကျပ်သိန်း ၁၃၀၀ ကုန်ကျနိုင်ကြောင်းနှင့် လာမည့် စက်တင်ဘာလအတွင်း စတင်လည်ပတ် နိုင်ရေးအတွက်လုပ်ငန်းများ အမြန် ဆောင်ရွက်လျက်ရှိကြောင်း We love Nyaungdon လူမှုပရဟိတအဖွဲ့မှ အကျိုးဆောင် ကိုဉာဏ်မြင့်ရှိန်က ပြော သည်။ စက်ရုံတည်ဆောက်ရန်အတွက် ဩဂုတ်လ လဆန်းပိုင်းမှစတင်ကာ မြတောင်ကျောင်းတိုက် ဆရာတော်၏ ခွင့်ပြုချက်ဖြင့် မြတောင်ကျောင်းတိုက် အတွင်း စက်ရုံ အဆောက်အအုံဆောက်လုပ် ရန်အတွက် နာရေးကူညီမှုအသင်း၊ ပီတိ ပရဟိတအဖွဲ့နှင့် We Love Nyaungdon လူမှုပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ ကြီးကြပ်ရေးကော်မတီက ဇူလိုင်လဆန်း ပိုင်းမှစတင်ကာ နိုင်ငံခြားမှ အောက်ဆီဂျင် စက်အား မှာယူထားပြီးဖြစ်ကြောင်းနှင့် အောက်ဆီဂျင်စက်ရုံအား စတင် တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်၊၊ အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေ များ ထည့်ဝင်လှူဒါန်းလိုပါက We Love Nyaungdon လူမှုပရဟိတအဖွဲ့ဆရာတော် ဉူးသုမန (ရွှေဟင်္သာတောရကျောင်း တိုက်) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်၊၊
ထွန်းကျော်(ညောင်တုန်း)