
နေပြည်တော် ဩဂုတ် ၆
ဝါခေါင်လ ကရင်ရိုးရာချည်ဖြူပွဲကို ယနေ့ နံနက်ပိုင်းက ဧရာဝတီ တိုင်းဒေသကြီး ညောင်တုန်းမြို့ မြို့တော်ခန်းမ၌ ပြုလုပ်ရာ အနောက်တောင်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူ များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ဦးစွာ အကအဖွဲ့များက ကရင် ဒုံးယိမ်းအကဖြင့် ကပြဖျော်ဖြေကြ ပြီး တိုင်းဒေသကြီး ကရင်စာပေ နှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိ သူတစ်ဦးက ဖားစည်ကိုးချက်တီး ၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက်တိုင်းမှူးက အမှာစကား ပြောကြားသည်။ ယင်းနောက် ဝါခေါင်လ ကရင်ရိုးရာချည်ဖြူပွဲ မင်္ဂလာအကြောင်း သိကောင်း စရာများကို ကရင်လူမျိုးကိုယ်စား လှယ် တာဝန်ရှိသူများက ရှင်း လင်းပြောကြားပြီး တက်ရောက် လာကြသူများက ဝါခေါင်လ ကရင်ရိုးရာ ချည်ဖြူပွဲမင်္ဂလာအား ဆက်လက် ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်