
ညောင်ရွှေ အောက်တိုဘာ ၁၇
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အတွင်း အသက် ၁၂နှစ်အထက် ကျောင်းနေအရွယ် ကလေးများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းကို ယနေ့နံနက် ပိုင်းက စတင်၍ ညောင်ရွှေမြို့ အမှတ် (၁)အခြေခံ ပညာအထက် တန်းကျောင်း ပတ္တမြားခန်းမနှင့် အခြားသတ်မှတ်ထားသော နေရာ များ၌ ဆေးထိုးအဖွဲ့များ ဖြင့် စတင် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ နှင့် ပညာရေးဌာနမှ တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း များမှ ပူးပေါင်းဆောင်ရွက်လျက် ရှိကြပြီး မြို့နယ်အတွင်းရှိ အသက် ၁၂နှစ်အထက် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူဦးရေ ၃၀၀၀ကျော် တို့ကို ထိုးနှံပေးသွားမည်ဖြစ် ကြောင်းနှင့် ဒုတိယအကြိမ် ဆေးထိုးနှံရမည့် သူများကိုလည်း ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ညောင်ရွှေ မြို့နယ်အတွင်း ဆေးထိုးစုရပ်များအဖြစ် မြို့မ စုရပ်အထက(၁)ညောင်ရွှေ အပါ အဝင် အထက(အင်းပေါခုံ)၊ အထက(စံကား)၊ အထက(ရွာမ)၊ အထက(ခေါင်တိုင်)၊ အထက (အင်းလျား)၊ အထက (မင်း ချောင်း)၊ အထက(မိုင်းသောက်)တို့ကို အခြေပြု၍ အသက်၁၂နှစ် အထက် ကျောင်းနေအရွယ် ကလေးများနှင့် မိဘပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရ သည်။
စိုင်းအယ်ဘဲ