
ရန်ကုန် ဇူလိုင် ၂၂
မှော်ဘီမြို့နယ် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန် ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်း၌ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၃)တွင် ပြုလုပ်သည်။
ရှေးဦးစွာ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန် ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြော ကြားရာအထူးဇုန်အတွင်း မြေကွက် လွတ်များ မကျန်ရှိစေဘဲ စိုက်ပျိုး ရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ဇုန်အတွင်း မှထွက်ရှိသော ဟင်းသီးဟင်းရွက်၊ အသား၊ ငါးနှင့်ကြက်ဥ ဘဲဥများကို ရန်ကုန်မြို့နေ ပြည်သူများ သန့်ရှင်းလတ်ဆတ်စွာ စားသုံးနိုင် ရန် အစည်းအဝေး တက်ရောက် လာသူများက ဝိုင်းဝန်းပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ အစည်းအဝေးခေါ်ယူ ရခြင်းဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်းက အထူးဇုန် အတွင်း တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ နှင့်လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မျိုးကောင်းမျိုးသန့် များသုံးစွဲပြီး ခေတ်မီစိုက်ပျိုး၊ မွေးမြူနည်းစနစ်များဖြင့် ဆောင် ရွက်ရန်၊ အထူးဇုန်အတွင်း စာရင်း ဇယားများ မှန်ကန်မှုရှိစေရေး အသေးစိတ် စာရင်းများ ကောက်ယူပြီး နိုင်ငံပိုင်သတင်းစာ များတွင် လုပ်ငန်းအပြည့်အဝဆောင်ရွက်ခြင်းမရှိပါက လုပ်ကိုင် ခွင့် ပြန်လည်ရုပ်သိမ်းမည်ဖြစ် ကြောင်း ကြေညာပြီးဖြစ်သော် လည်း လာရောက်ဆက်သွယ်ပြီးလုပ်ငန်းဆောင်ရွက်ခြင်း မရှိသူ များကို ဆက်သွယ်ရေးနည်းလမ်း များဖြင့် ဆက်သွယ်ဆောင်ရွက် ခြင်း၊ သတိပေးစာများ ထုတ်ပြန် ခြင်း၊ နိုင်ငံပိုင်သတင်းစာများတွင် ထပ်မံကြော်ငြာခြင်းများ ဆောင် ရွက်ရန် လိုအပ်ကြောင်းနှင့် ဇုန် (၁၊ ၂၊ ၃) အနီးကပ်ကြီးကြပ် ရေးကော်မတီ ဥက္ကဋ္ဌများမှ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန် ဖွံ့ဖြိုးတိုးတက်ရေး၊ မြေကွက်လွတ်မကျန် စိုက်ပျိုး မွေးမြူစေရေးအတွက် သက်ဆိုင် ရာ ဇုန်ကော်မတီများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ဝိုင်းဝန်း၍ပေါင်းစပ် ညှိနှိုင်း ကြပ်မတ်ဆောင်ရွက်ပေး ကြရန် ပြောကြားခဲ့ကြောင်း သိရ သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)