ညစ်ညမ်းသော တေးသီချင်းဗီဒီယိုများ ရိုက်ကူး ထုတ်လွှင့်မှုများနှင့်ပတ်သက်၍ သတိပေးတားမြစ်ခြင်း

 

ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့် ပြသရေးနှင့် ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။


ယခုအခါ အချို့သော တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ် ကျော်ကြားမှု ရရှိစေရန်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမ သားချင်း၊ မိသားစုဝင်ချင်း အတူကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိသြတ္တပ္ပတရား ကင်းမဲ့သော တေးသီချင်းဗီဒီယိုများကို  လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူး ထုတ်လွှင့်နေကြသည်ကို တွေ့ရှိရပါသည်။


သို့ဖြစ်ပါ၍   လူမှုကွန်ရက်စာမျက်နှာများအပါအဝင်    မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊   ညစ်ညမ်းသော   အပြောအဆို၊  အပြုအမူများပါဝင်သည့် ရိုက်ကူး ထုတ်လွှင့်ဖော်ပြမှုများနှင့်ပတ်သက်၍ ထုတ်လုပ်သူ ၊ စီစဉ်ရိုက်ကူးသူ ၊ သရုပ်ဆောင် သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတိပေးကြေညာအပ်ပါသည်။


သက်ဆိုင်ရာအလိုက် ဖွဲ့စည်းထားသော အစည်းအရုံးများကလည်း လိုအပ်သလို ထိန်းကျောင်းတည့်မတ်ပေးနိုင်ရန် အသိပေးအပ်ပါသည်။  


    ပြန်ကြားရေးဝန်ကြီးဌာန
    (၁၃-၁-၂၀၂၄)