
နေပြည်တော် ဇန်နဝါရီ ၁၂
နည်းဥပဒေ၊ ညွှန်ကြားချက်များ နှင့်အညီ လမ်းညွှန်းများ၊ လမ်း အမှတ်အသားများနှင့် အချက်ပြ များ တစ်ပြေးညီ ဖြစ်စေရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက်ပိုင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ တိုင်းဒေသ ကြီး/ ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စု နယ်မြေ (နေပြည်တော်)၊ တိုင်း ဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးများ၊ ရန်ကုန်နှင့် မန္တလေး မြို့တော်ဝန်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်အရ လမ်းညွှန်းများ၊ လမ်းအမှတ် အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟို ကြီးကြပ်ရေးအဖွဲ့နှင့် ပြည်ထောင် စုနယ်မြေ(နေပြည်တော်)၊ တိုင်း ဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေး အဖွဲ့များအား ဖွဲ့စည်းတာဝန် ပေးအပ်ပြီး ဖြစ်ပါကြောင်း၊ ဗဟို ကြီးကြပ်ရေးအဖွဲ့အနေဖြင့်လည်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ခေါ်ယူပြီး လမ်းညွှန်းများ၊ လမ်း အမှတ်အသားများနှင့် အချက်ပြ များ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် တစ်ပြေးညီ ပြည့်စုံညီညွတ် မှန်ကန်စေရေး လုပ်ငန်းအစီအမံ များကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
အမြန်ဆုံးပြင်ဆင်ဆောင်ရွက်
ထို့ပြင် ဗဟိုကြီးကြပ်ရေးအဖွဲ့ အနေဖြင့် လမ်းများကို လက်တွေ့ စီမံခန့်ခွဲ ဆောင်ရွက်နေကြသည့် ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၊ စည်ပင်သာယာရေးကော်မတီများ က ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များ၊ ဒေသကြီးကြပ်ရေးအဖွဲ့များ က အနီးကပ်ကြီးကြပ်ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များ၊ Road Safety Audit ကွင်းဆင်းစစ်ဆေး ပြီး လမ်းညွှန်းများ၊ လမ်းအမှတ် အသားများနှင့် အချက်ပြများ ဆိုင်ရာ ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်သင့်သည့် အကြံပြု ချက်များကို အချိန်နှင့်တစ်ပြေးညီ ညွှန်ကြားကြပ်မတ် ဆောင်ရွက် လျက်ရှိပါကြောင်း၊ သို့ပါ၍ တိုင်း ဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ် များနှင့် တာဝန်ရှိသူများအနေဖြင့် ကွင်းဆင်းစစ်ဆေး အကြံပြုချက် များအပေါ် အမြန်အကောင် အထည်ဖော် ဆောင်ရွက်ကြရန် နှင့် ဆောင်ရွက်ပြီးစီးမှု၊ တိုးတက်မှု များကို အစီရင်ခံတင်ပြကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် လိုအပ်မည့် ဘဏ္ဍာငွေ အသုံးပြုခြင်းများကိုလည်း တည်ဆဲ ဘဏ္ဍာရေး စည်းမျဉ်းများနှင့် အညီ စနစ်တကျ လျာထား တောင်းခံသုံးစွဲကြရန် လိုပါ ကြောင်း၊ ဝန်ကြီးချုပ်များနှင့် ဒေသကြီးကြပ်ရေးအဖွဲ့များအနေ ဖြင့် မိမိတို့ နယ်မြေဒေသအလိုက် ပူးပေါင်းအဖွဲ့များ ဖွဲ့စည်းတာဝန် ပေးအပ်ပြီး ကွင်းဆင်းစစ်ဆေး ခြင်းများ ဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်၊ အားနည်းချက်များကို အမြန်ဆုံးပြင်ဆင်ဆောင်ရွက်ကြ ရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ ဗဟိုကြီးကြပ် ရေးအဖွဲ့ဥက္ကဋ္ဌ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်း တာဝန်ပေးအပ်မှု၊ မြေပြင်၌ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ၊ ဗဟိုကြီးကြပ်ရေးအဖွဲ့၏ Road Safety Audit ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုနှင့် သုံးသပ်အကြံပြု ချက်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များ၌ မြေပြင်စစ်ဆေးစဉ် တွေ့ရှိရသည့် အားနည်းချက်၊ လိုအပ်ချက်များကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး များ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များက သက်ဆိုင်ရာ နယ်မြေဒေသအလိုက် ကြီးကြပ် ရေးအဖွဲ့များ ဖွဲ့စည်းတာဝန် ပေးအပ်ထားရှိမှု၊ ကွင်းဆင်း စစ်ဆေးမှု၊ လမ်းညွှန်းများ၊ လမ်း အမှတ်အသားများနှင့် အချက်ပြ များ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု၊ အသစ်စိုက်ထူ ရေးဆွဲပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်နှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံ များအား ရှင်းလင်းတင်ပြသည်။ ဆွေးနွေးချက်များအပေါ် ပြည် ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြန်လည် သုံးသပ်ဆွေးနွေးသည်။
ညှိနှိုင်းအစည်းအဝေး အပြီး တွင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ (နေပြည် တော်) အတွင်း မော်တော် ဆိုင်ကယ် ယာဉ်တိုက်မှုအများဆုံး ဖြစ်သည့် ပျဉ်းမနား-တောင်ညို လမ်း၊ သပြေကုန်းအဝိုင်း လမ်းပိုင်း နေရာသို့ သွားရောက်ကွင်းဆင်း စစ်ဆေးရာ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန အင်ဂျင် နီယာမှူးကြီး (မြို့ပြ)က Road Safety Audit စစ်ဆေးတွေ့ရှိမှု၊ မော်တော်ဆိုင်ကယ်များအန္တရာယ် ကင်းစွာ အဝိုင်းပတ်ဖြတ်သန်း မောင်းနှင်နိုင်ရေးအတွက် သုံးသပ် အကြံပြုချက်များကို ရှင်းလင်း တင်ပြသည်။ ရှင်းလင်းတင်ပြ ချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့က မော်တော် ဆိုင်ကယ်များ အန္တရာယ်ကင်းစွာ အဝိုင်းပတ် မောင်းနှင်နိုင်ရေး အတွက် သပြေကုန်းအဝိုင်းရှိ လမ်းပေါ်ဆေးရေး အမှတ်အသား များကို ပြင်ဆင်ရေးဆွဲရန်၊ ယာဉ်ကြော ကြိုတင်ပြောင်းရန် ဆေးရေးအမှတ်အသားနှင့် လမ်း ညွှန်းဆိုင်းဘုတ်များ စိုက်ထူရေးဆွဲ ရန်၊ လမ်းလယ်တစ်ဆက်တည်း မျဉ်းအား သတ်မှတ်အရောင် အတိုင်း ရေးဆွဲရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ် တိုက်မှုအဖြစ်များသော မိုင်တိုင်- ၂၁၈ (၄ ဖာလုံ နှင့် ၇ ဖာလုံအကြား) လမ်းပိုင်းနေရာသို့ သွားရောက် ကွင်းဆင်းစစ်ဆေးရာ အင်ဂျင် နီယာမှူးကြီး (မြို့ပြ)က Road Safety Audit စစ်ဆေးတွေ့ရှိမှု များနှင့် အကြံပြုချက်များကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်း တင်ပြချက်များအပေါ် ပြည် ထောင်စုဝန်ကြီးနှင့် အဖွဲ့က အဆိုပါ လမ်းပိုင်း၌ ယာဉ်တိုက်မှု လျော့နည်းကျဆင်းရေးအတွက် လမ်းဘေးတွင် Clear Zone လုံလောက်စွာထားရှိရန်၊ လမ်း ညွှန်းဆိုင်းဘုတ်များ ပြင်ဆင် ဆောင်ရွက်ရန်၊ လမ်းပေါ်ဆေးရေး အမှတ်အသားများ ပြည့်စုံစွာ ရေးဆွဲရန် မှာကြားသည်။ ယင်း နောက် Road Safety Audit အဖွဲ့ ၏ အကြံပြုချက်များအပေါ် သက်ဆိုင်ရာ ဒေသကြီးကြပ်ရေး အဖွဲ့နှင့် လမ်းဦးစီးဌာနတို့က အမြန် အကောင်အထည်ဖော် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်