နည်းပညာဝန်ဆောင်မှု အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်

 

၁။     မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံဝန်ထမ်းအငြိမ်းစား များ၏ အငြိမ်းစားလစာများကို  အချိန်ကုန်သက်သာပြီး လွယ်ကူလျင်မြန်စွာ  ထုတ်ယူနိုင်ရန်အတွက်  Myanmar Mobile Money (MMM) နှင့် အကျိုးတူပူးပေါင်း၍ Point of Sale (POS) စက်များဖြင့် ဘဏ်ခွဲပေါင်း (၂၈၀) တွင် ငွေလက်ခံခြင်း / ငွေထုတ်ပေးခြင်း(Cash In/ Cash Out) တယ်လီဖုန်းဘီလ်ဖြည့်တင်းခြင်း (Top-Up) ၊ အငြိမ်းစား လစာများထုတ်ပေးခြင်း စသည့်လုပ်ငန်းများကို မိမိတို့နှင့် နီးစပ်ရာမိုဘိုင်းလ်အေးဂျင့်များထံတွင် လွယ်ကူလျင်မြန်စွာ ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။    Digital Money Myanmar (Wave Money) ၊ MPT Pay   တို့နှင့်လည်း   အကျိုးတူပူးပေါင်း၍  သက်ဆိုင်ရာ မိုဘိုင်းလ်အေးဂျင့်များထံတွင်     အငြိမ်းစားလစာများ ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

၃။    ထို့အတူ OK $ ၊ Mytel Pay ၊ A ဘဏ်၏ A-Plus Application တို့ဖြင့်လည်း အကျိုးတူပူးပေါင်း၍ အငြိမ်းစား လစာ ထုတ်ပေးခြင်းလုပ်ငန်း  ဆောင်ရွက်ရန်  စီစဉ်လျက် ရှိပါသည်။ 


၄။    သို့ဖြစ်ပါ၍ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား အချိန် ကုန် သက်သာပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ရှောင်ရှားနိုင်ရေး အလေးပေးဆောင်ရွက်လိုပါသဖြင့် စိတ်ချလုံခြုံပြီး စနစ်ကျ သည့်   မည်သည့်မိုဘိုင်းလ်နည်းပညာဖြင့်မဆို  အငြိမ်းစား လစာထုတ်ပေးနိုင်သည့်         ဝန်ဆောင်မှုလုပ်ငန်းအား အကျိုးတူပူးပေါင်းဆောင်ရွက်လိုသော နည်းပညာကုမ္ပဏီ များ၊ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှု အဖွဲ့အစည်းများအနေ ဖြင့် မြန်မာ့စီးပွားရေးဘဏ်သို့ အဆိုပြုကမ်းလှမ်းဆက်သွယ် နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။


မြန်မာ့စီးပွားရေးဘဏ်