နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ ဘွဲ့ကြို/ ဘွဲ့လွန်သင်တန်းများ စတင်ဖွင့်လှစ်မည့် ကြေညာချက်

 

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၌ အောက်ဖော်ပြပါ ဘွဲ့ကြို/ ဘွဲ့လွန်သင်တန်းများကို (၁၂-၅-၂၀၂၂) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည် - 
(က)    နည်းပညာတက္ကသိုလ်များ 
    (၁)     ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အင်ဂျင်နီယာဘွဲ့သင်တန်း (ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊             စတုတ္ထနှစ်)
    (၂)    ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ဇီဝနည်းပညာသိပ္ပံဘွဲ့သင်တန်း (ပထမနှစ်၊ ဒုတိယနှစ်)
    (၃)     ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အင်ဂျင်နီယာဘွဲ့သင်တန်း/ ဇီဝနည်းပညာဘွဲ့သင်တန်း                 (နောက်ဆုံးနှစ်)
    (၄)    ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အင်ဂျင်နီယာဘွဲ့သင်တန်း/ ဇီဝနည်းပညာဘွဲ့သင်တန်း (ပထမနှစ်)             (၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ)
    (၅)    မဟာဘွဲ့သင်တန်းများ (ဖွင့်လှစ်ဆဲ)
    (၆)    ပါရဂူဘွဲ့သင်တန်းများ (ဖွင့်လှစ်ဆဲ)
(ခ)    ကွန်ပျူတာတက္ကသိုလ်များ
    (၁)     ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ကွန်ပျူတာသိပ္ပံ/ ကွန်ပျူတာနည်းပညာဘွဲ့သင်တန်း (ပထမနှစ်၊             ဒုတိယနှစ်၊ တတိယနှစ်)
     (၂)    ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ကွန်ပျူတာသိပ္ပံ/ ကွန်ပျူတာနည်းပညာဘွဲ့သင်တန်း (နောက်ဆုံးနှစ်)
    (၃)    ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကွန်ပျူတာသိပ္ပံ/ ကွန်ပျူတာနည်းပညာဘွဲ့သင်တန်း (ပထမနှစ်)             (၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ)
    (၄)    မဟာဘွဲ့သင်တန်းများ (ဖွင့်လှစ်ဆဲ)
    (၅)    ပါရဂူဘွဲ့သင်တန်းများ (ဖွင့်လှစ်ဆဲ)
(ဂ)    မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်
    (၁)    ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အင်ဂျင်နီယာ(ဂုဏ်ထူး)ဘွဲ့သင်တန်း (ပထမနှစ်)
    (၂)      ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အင်ဂျင်နီယာ(ဂုဏ်ထူး)ဘွဲ့သင်တန်း (တတိယနှစ်၊ စတုတ္ထနှစ်၊             နောက်ဆုံးနှစ်)
    (၃)    ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အင်ဂျင်နီယာ(ဂုဏ်ထူး)ဘွဲ့သင်တန်း (ပထမနှစ်) (၂၀၂၀ ပြည့်နှစ်             တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ)
(ဃ)    မြန်မာနိုင်ငံလေကြောင်း နှင့် အာကာသပညာတက္ကသိုလ်
    (၁)    ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အင်ဂျင်နီယာဘွဲ့သင်တန်း (ပထမနှစ်) 
    (၂)    ၂၀၂၁-၂၀၂၂  ပညာသင်နှစ်၊   အင်ဂျင်နီယာဘွဲ့သင်တန်း (တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်၊             နောက်ဆုံးနှစ်)
    (၃)    ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အင်ဂျင်နီယာဘွဲ့သင်တန်း (ပထမနှစ်) ၂၀၂၀ ပြည့်နှစ်  တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများ)
(င)    ကျောင်းအပ်လက်ခံခြင်းကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းအတွက် (၂၀-၄-၂၀၂၂) ရက်နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် သင်တန်းများအတွက် (၂-၅-၂၀၂၂) ရက်နေ့တွင် စတင်လက်ခံမည်ဖြစ်ပါသည်။
    အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
    သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန