နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များဘွဲ့နှင်းသဘင် အခမ်းအနားများကျင်းပ

 

နေပြည်တော်   မတ်   ၃၀


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ မြန်မာ သတင်းအချက်အလက်    နည်းပညာ တက္ကသိုလ်၊    နည်းပညာတက္ကသိုလ် (မန္တလေး)၊    နည်းပညာတက္ကသိုလ် (ကျောက်ဆည်)၊ နည်းပညာတက္ကသိုလ် (တောင်ကြီး)၊   နည်းပညာတက္ကသိုလ် (စစ်တွေ)၊     ကွန်ပျူတာတက္ကသိုလ် (မန္တလေး)၊    ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၊    ကွန်ပျူတာတက္ကသိုလ် (ပင်လုံ)တို့၌ ဘွဲ့နှင်းသဘင် အခမ်းအနား များကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပကြသည်။ (ယာပုံ)
အဆိုပါအခမ်းအနားများသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး   ဒေါက်တာ မျိုးသိန်းကျော် တက်ရောက်ပြီး   ပညာသင်နှစ်အလိုက် တက္ကသိုလ်အသီးသီးမှ  သင်ကြားသင်ယူ အောင်မြင်ခဲ့ကြသော    မဟာအင်ဂျင် နီယာဘွဲ့ရသူများ၊ မဟာသိပ္ပံ   (ဇီဝနည်း ပညာ) ဘွဲ့ရရှိသူများ၊    အင်ဂျင်နီယာ ဘွဲ့ရရှိသူများ၊  အင်ဂျင်နီယာ(ဂုဏ်ထူး) ဘွဲ့ရရှိသူများ၊     သိပ္ပံဘွဲ့(ဇီဝနည်းပညာ)ဘွဲ့ရရှိသူများနှင့်      ကွန်ပျူတာသိပ္ပံဘွဲ့ ရရှိသူများကို    ဂုဏ်ပြုအမှာစကား ပြောကြားသည်။

 


အဆိုပါ   မြန်မာသတင်း   အချက် အလက်     နည်းပညာတက္ကသိုလ်၏ ပထမအကြိမ်၊    နည်းပညာတက္ကသိုလ် (မန္တလေး)၏   (၁၈)   ကြိမ်မြောက်၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ၏   (၁၇) ကြိမ်မြောက်၊     နည်းပညာ တက္ကသိုလ်(တောင်ကြီး)၏  (၁၈)ကြိမ် မြောက်၊ နည်းပညာတက္ကသိုလ် (စစ်တွေ) ၏   (၁၇) ကြိမ်မြောက်၊   ကွန်ပျူတာ တက္ကသိုလ်(မန္တလေး) ၏   (၁၂) ကြိမ် မြောက်၊        ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၏  (၁၂)ကြိမ်မြောက်နှင့် ကွန်ပျူတာတက္ကသိုလ် (ပင်လုံ)၏ (၁၀) ကြိမ်မြောက် ဘွဲ့အပ်နှင်းပွဲအခမ်းအနား များတွင်     တက္ကသိုလ်အသီးသီး၏ ပါမောက္ခချုပ်များက    ဘွဲ့ရမောင်မယ် များကို     သက်ဆိုင်ရာ     ဘွဲ့အလိုက် ဘွဲ့လက်မှတ်အသီးသီးချီးမြှင့်ပြီး ဘွဲ့နှင်း  သဘင် မိန့်ခွန်းပြောကြားသည်။
အဆိုပါ       အခမ်းအနားများသို့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ ဝင်များ၊  ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဘွဲ့ရ မောင်မယ်များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။  

 
   သတင်းစဉ်