နည်းပညာကုမ္ပဏီကြီးခြောက်ခုကို အီးယူမှ စည်းကမ်းတင်းကျပ်သွားမည်

 

ဘရပ်ဆဲလ်    စက်တင်ဘာ     ၇


ဥရောပသမဂ္ဂသည်    ဒစ်ဂျစ်တယ်ဈေးကွက်များတွင်   မျှတသည့်ယှဉ်ပြိုင်မှုများ   ဖြစ်ပေါ်စေရန်အတွက်    ဥပဒေသစ်အောက်တွင် နည်းပညာကုမ္ပဏီကြီး ခြောက်ခုကို စာရင်းပြုစုထားသည်။ 


အဆိုပါကုမ္ပဏီများမှာ အယ်လ်ဖာဘတ်၊ အမေဇုန်၊  အက်ပဲ၊ တစ်တော့ခ်အော်ပရေတာ ဘိုင်ဒန့်စ်၊ မက်တာ  နှင့် မိုက်ခရိုဆော့ဖ်တို့ဖြစ်သည်ဟု အီးယူက ပြောသည်။  


ဒစ်ဂျစ်တယ်ဈေးကွက်       ဥပဒေအောက်တွင် လာမည့်နှစ် အစောပိုင်းမှစတင်၍ စည်းကမ်းတင်းကျပ်   မှုများ   ပြုလုပ်သွားမည်ဖြစ်သည်။  အဆိုပါကုမ္ပဏီ များသည် ၎င်းတို့၏မီဒီယာပလက်ဖောင်းတွင် ပြသ သည့်အခါ  ၎င်းတို့၏ထုတ်ကုန်များကိုသာ ဦးစားပေး နိုင်တော့မည်မဟုတ်ပေ။ ၎င်းတို့၏ ငွေပေးချေမှုစနစ် ကိုအသုံးပြုရန် အက်ပလီကေးရှင်းဆော့ဖ်ဝဲရေးသားသူများကို    အတင်းအကျပ်   ဖိအားပေးမှုကိုလည်း တားမြစ်သွားမည်ဖြစ်သည်။ အော်ပရေတာများသည် ပြိုင်ဘက်ကုမ္ပဏီများကို  ဝယ်ယူသည့်အခါ   အီးယူ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ကြိုတင်အကြောင်း ကြားရမည်ဖြစ်သည်။ 


အဆိုပါဥပဒေကို ချိုးဖောက်သည့်  ကုမ္ပဏီသည် ကမ္ဘာအနှံ့ ၎င်းတို့၏  နှစ်စဉ်ဝင်ငွေ   ၁၀ ရာခိုင်နှုန်း ကို   ဒဏ်ကြေးအဖြစ်   ပေးဆောင်ရမည်ဖြစ်သည်။ စည်းကမ်းချက်အသစ်များသည် နည်းပညာကုမ္ပဏီ ကြီးများအနေဖြင့် ၎င်းတို့၏ဈေးကွက်   လွှမ်းမိုးနိုင် မှုကို အခွင့်ကောင်းယူကာ သုံးစွဲသူများအပေါ် မမျှတ သည့်အခြေအနေဖြစ်ပေါ်မှုကိုတားဆီးနိုင်လိမ့်မည်ဟု ဥရောပသမဂ္ဂ(အီးယူ )က မျှော်လင့်ထားသည်။


အင်န်အိတ်ချ်ကေ