
မကွေး ဒီဇင်ဘာ ၂၈
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နည်းပညာ တက္ကသိုလ်(မကွေး)သို့ ရောက်ရှိခဲ့ ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
တွေ့ဆုံပွဲ၌ ဒုတိယဝန်ကြီး က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို တစ်တပ် တစ်အား အထောက်အကူပြုနိုင် ရေးအတွက် လည်းကောင်း၊ ပြန်ပြည့်မြဲစွမ်းအင်ရင်းမြစ်များမှ ထုတ်ယူသုံးစွဲမှုများ မြှင့်တင်နိုင် ရေးနှင့် လျှပ်စစ်သုံးယာဉ်ကို အိမ်စီးယာဉ်များအပြင် စက်မှု လယ်ယာကဏ္ဍအတွက်ပါ သုံးစွဲ နိုင်ရေးအတွက် လည်းကောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိစ္စဓူဝ လုပ်ငန်းကိစ္စရပ်များ အဆင် ပြေပြေ ဆောင်ရွက်နိုင်ရေး အတွက် လည်းကောင်း ရေရှည် အကျိုးကျေးဇူးများ ဖြစ်ထွန်းရရှိ နိုင်မည့် နည်းပညာဆိုင်ရာ သုတေ သနများကို ရည်မှန်းချက်နှင့် စီမံ ကိန်းများချမှတ်ကာ ဆက်စပ်ဌာန များဖြင့် ပူးပေါင်းဆောင်ရွက်မှု များမြှင့်တင်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် ဘာသာရပ်အလိုက်၊ အဖွဲ့ အလိုက် ခင်းကျင်းပြသထားသော သုတေသန Project Show ရှိ ကျောင်းသား ကျောင်းသူများ၏ ရှင်းလင်းပြသမှုများကို စိတ်ပါဝင် စားစွာကြည့်ရှုအားပေးကာ(ယာပုံ) ဒုတိယဝန်ကြီးက နည်းပညာသုတေ သနများ၊ တီထွင်ဆန်းသစ်မှုများ ကို နိုင်ငံတော်နှင့် ဒေသတွင်း စက်မှုဇုန်တို့ရှိ MSMEs လုပ်ငန်း များဖွံ့ဖြိုးရေး လက်တွေ့ကျကျ အသုံးချနိုင်သည်အထိ ချဲ့ထွင်၍ ပေါင်းစပ်ဆောင်ရွက်သွားရန်၊မိမိတို့ဆောင်ရွက်သော သုတေသန များကိုအခြေပြု၍ နောက်စာသင် နှစ်ရှိ ကျောင်းသားများ ဆက်လက် ဆောင်ရွက်သွားနိုင်ရေး လက်ဆင့် ကမ်းခဲ့ရန် တိုက်တွန်းပြောကြား ကာ ထူးချွန်သောသုတေသနအဖွဲ့ များအား ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်သည်။၊
ယင်းနောက် ဘက်စုံသုံးမိုးလုံ လေလုံအားကစားခန်းမ၌ ဘော်လီ ဘောကစားနေကြသော ကျောင်း သားများကို ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးကာ ဗလငါးတန်နှင့် ပြည့်စုံ၍ တိုင်းကျိုးပြည်ပြု မျိုးဆက်သစ်လူငယ် အင်ဂျင်နီယာ ကောင်းများဖြစ်စေရေး ကြိုးပမ်း စွမ်းဆောင်ကြရန် မှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်း ပေးသည်။ ဆက်လက်၍ ဒုတိယ ဝန်ကြီးသည် ပင်မဆောင်၊ အင်ဂျင် နီယာဌာနများမှ လက်တွေ့ခန်း များ၊ ကျောင်းသား ကျောင်းသူ ဆောင်များနှင့် ကျောင်းသားဆောင် တည်ဆောက်ရေး လုပ်ငန်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည် များကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် အစိုးရနည်းပညာအထက် တန်းကျောင်း(မကွေး)သို့ ရောက်ရှိ ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဒုတိယဝန်ကြီးက ပြည်သူများ ၏ အလုပ်အကိုင်အခွင့်အလမ်းကို လက်တွေ့ကျကျ ဖန်တီးပေးနိုင် သောပုံမှန်နှင့် ကာလတိုသင်တန်း များ၊ စံနှုန်းများနှင့်အညီ သင်ကြား မှုများ၊ လက်တွေ့လေ့ကျင့်မှုတို့ဖြင့် လှုပ်ရှားသက်ဝင်နေသောကျောင်း ဖြစ်စေရေးနှင့် နိုင်ငံတော်နှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ဤကျောင်းမှ ပျိုးထောင်ပေးသူများ ပါဝင်နိုင် ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး တာဝန် ရှိသူများအား ဂုဏ်ပြုလက်ဆောင် များ ပေးအပ်သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောင်းဝင်း အတွင်းရှိ ပင်မဆောင်နှင့် အင်ဂျင် နီယာဌာနများမှ အလုပ်ရုံများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည် များ မှာကြားကြောင်း သိရ သည်။
သတင်းစဉ်