နည်းပညာအခြေပြုသိုလှောင်ရုံထိန်းသိမ်းနည်းစနစ် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

 

 

နေပြည်တော်  ဇွန်  ၇
နည်းပညာအခြေပြု  သိုလှောင်ရုံထိန်းသိမ်းနည်းစနစ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
သင်တန်းဖွင့်ပွဲတွင်  လူမှုဝန်ထမ်း၊   ကယ်ဆယ် ရေးနှင့်    ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ သက်သက်ခိုင်က ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် မိမိတို့ ဝန်ကြီး ဌာနအနေဖြင့်     ဒေသတွင်း     နိုင်ငံများနည်းတူ ရင်ပေါင်တန်းလိုက် ပါဆောင်ရွက်နိုင်မှု  တစ်ခုပင် ဖြစ်ပါကြောင်း၊   သိုလှောင်ရုံများတွင်   ထိန်းသိမ်း သိုလှောင်ထားရှိသော   ထောက်ပံ့ပစ္စည်းများနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့်  ဝန်ထမ်းများအနေ ဖြင့် သိုလှောင်ရုံစီမံခန့်ခွဲ လုပ်ဆောင်ရာတွင် မူလက အသုံးပြုနေသည့်  Manual  System  နေရာတွင် Online  အသုံးပြုထားသော  Inventory  Manage-ment Software ကို စနစ်တကျ အသုံးပြုနိုင်စေ ရန်ဖြစ်ပါကြောင်း၊  မူလက  ဆောင်ရွက်နေသည့် စာရွက်စာတမ်း  အခြေပြုစနစ်မှ  ယခု Electronic စနစ်၊ Computerized စနစ်ကို အသုံးပြုပြီး စနစ် တကျရေးသွင်းထားရှိခြင်းဖြစ်၍ သိုလှောင်ပစ္စည်းများ ၏ အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ အလွယ် တကူသိရှိနိုင်ပြီး   စီမံခန့်ခွဲသူများအနေဖြင့်  Online မှတစ်ဆင့် အလွယ်တကူ ကြည့်ရှု၍ ဆုံးဖြတ်ချက် ချမှတ်နိုင်မည်ဖြစ်ပါကြောင်း၊ Manual စနစ်ဖြစ်သည့်  Bin Card၊ လယ်ဂျာများတွင်  စာရင်းရေးသွင်းမှုများ ကိုလည်း  ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊  Manual  စနစ်နှင့်  Electronic  စနစ်တို့ ကို   ယှဉ်တွဲဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်း တွင်  သင်ယူရသည့်  Inventory  Management Software ဆိုင်ရာ   လေ့လာမှတ်သားစရာများကို နားလည်အောင်  လေ့လာသင်ယူပြီး   စနစ်တကျ ကိုင်တွယ် အသုံးပြုနိုင်သည်အထိ လေ့ကျင့်ကြရန်၊ မရှင်းလင်းသည်များရှိပါက       သေချာမေးမြန်း ဆွေးနွေးလေ့ကျင့်ကြရန်နှင့်  စဉ်ဆက်မပြတ်အသုံးပြုဆောင်ရွက်နိုင်ရေး   တာဝန်ရှိသူများအားလုံးက အလေးထား ဆောင်ရွက်ကြရန်တို့ကို တိုက်တွန်းလို ပါကြောင်း ပြောကြားသည်။ 
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏  အဓိက တာဝန်တစ်ခုဖြစ်သည့်   ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့မှုနှင့်  ပတ်သက်၍ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းကာလမှာ တစ်ကိုယ်ရည်သုံးနှင့်  အိမ်သုံး ပစ္စည်း ထောက်ပံ့မှုအနေဖြင့်  တစ်အိမ်ထောင်ကို ပစ္စည်း ခြောက်မျိုး၊ တန်ဖိုးအားဖြင့် ၁၁၀၀ဝ၊ ၂၀၁၃ ခုနှစ်တွင် ပစ္စည်းရှစ်မျိုး၊ တန်ဖိုးအားဖြင့် ၁၅၀၀ဝ၊ ၂၀၁၈ခုနှစ်တွင်  ပစ္စည်း ၁၇ မျိုး၊  တန်ဖိုးအားဖြင့် တစ်အိမ်ထောင်လျှင် ၄၀၀၀ဝ မှ ၅၀၀၀ဝအကြားအထိ ထောက်ပံ့နိုင်ခဲ့သဖြင့် ၁၀နှစ်တာ ကာလအတွင်းတွင် တစ်အိမ်ထောင်လျှင် ငွေကျပ် ၄၀၀၀ဝအထိ တိုးမြှင့် ထောက်ပံ့နိုင်ခဲ့ပါကြောင်း၊ Inventory Management Software အသုံးပြုမှုနှင့်ပတ်သက်၍ ကနဦးအနေဖြင့် ဦးစီးဌာန(ရုံးချုပ်)၊  ဗဟိုသိုလှောင်ရုံ  (ရန်ကုန်/မန္တလေး)နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်အထိ အသုံးပြုနိုင်ရေး       ဆောင်ရွက်ထားသော်လည်း နောင်တွင်   ဝန်ထမ်းများအနေဖြင့်  Software ကို ကျွမ်းကျွမ်းကျင်ကျင်   အသုံးပြုနိုင်သည့်အခါတွင် ခရိုင်/    မြို့နယ်အဆင့်အထိ    အသုံးပြုနိုင်ရေး  ဆက်လက်  ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ Software  လုံခြုံမှုနှင့်ပတ်သက်၍ အသုံးပြုနိုင်သည့် User Level  သတ်မှတ်ပေးထားသဖြင့်  လုံခြုံရေးကို သေချာသတိထားဆောင်ရွက်ကြရန်လိုပါကြောင်း ပြောကြားသည်။
ထို့နောက်   သင်တန်းသား   သင်တန်းသူများက တစ်ဦးချင်းအလိုက် မိတ်ဆက်ခဲ့ကြသည်။ သတင်းစဉ်