
တိုကျို ဒီဇင်ဘာ ၂၁
ဂျပန် ပင်လယ်ကမ်းရိုးတန်းရှိ နီအီဂါတာခရိုင်တွင် နှင်းများပိတ်မိ နေသည့် ကားအတွင်းအမျိုးသမီး တစ်ဦး သေဆုံးနေသည်ကို တွေ့ရ သည်ဟု နီအီဂါတာ ခရိုင်ရဲက ပြောသည်။ ကားအတွင်း ကာဗွန် မိုနောက်ဆိုဒ် အဆိပ်သင့်ကာ သေဆုံးနေခြင်း ဖြစ်သည်ဟု သိရသည်။
အသက် ၂၇ နှစ်အရွယ် အမျိုး သမီးမှာ ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ပိုင်းက ကာရှီဝါဇာကာရှီနေအိမ်မှ ထွက်ခဲ့ခြင်းဖြစ်သည်။ ကားအင်ဂျင် မှာ စက်နှိုးလျက်ရှိပြီး အဆိုပါ ဒေသတစ်ဝိုက်တွင် နှင်းခဲနေ အောင် ကျဆင်းနေသည့်အတွက် ဓာတ်အားမရရှိပေ။
အဆိုပါအမျိုးသမီးမှာ အနွေး ဓာတ်ရအောင် ကားအတွင်း ဝင်ခဲ့ ခြင်းဖြစ်သည်ဟု ရဲများက ယူဆ သည်။ အနွေးဓာတ်ရအောင် ကား အတွင်း ဝင်နေခဲ့သော်လည်း အိတ်ဇောပိုက်မှာ နှင်းများဖြင့် ပိတ်ဆို့သွားခဲ့သည်ဟု ရဲများက ပြောသည်။
နီအီဂါတာခရိုင်တွင် နှင်းများ ထူထပ်စွာ ကျဆင်းမှုကြောင့် လမ်းများ ပိတ်ထားခဲ့ရပြီး ဒီဇင်ဘာ ၂၁ ရက်တွင်မူ လမ်းပိတ် ထားမှုကို ဖယ်ရှားပေးလိုက်ပြီဟု သိရသည်။ ရေခဲနေသည့် လမ်း များတွင် ကားမောင်းရာ၌ သတိ ထားကြရန် အာဏာပိုင်များက သတိပေးထားသည်။
အင်န်အိတ်ချ်ကေ