နန္ဒာအောင်မြေကျောင်း ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တနိမလ၏ နှစ်သစ်မင်္ဂလာဆုတောင်းပတ္ထနာ

 

၂၀၂၂ ကုန်ဆုံး၍ ၂၀၂၃ခုနှစ် နှစ်သစ်မင်္ဂလာ နှစ်ဦး အခါသမယမှာ မြန်မာပြည်သူ ပြည်သားအားလုံး/ ကမ္ဘာသူ၊  ကမ္ဘာသားအားလုံး   ချမ်းမြေ့သာယာ ဝဖြိုးသောသုခမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။
သဗ္ဗပါပဿ အကရဏံ
ကုသလဿ ဥပသမ္ပဒါ
သစိတ္တပရိယောဒပနံ
ဧတံ ဗုဒ္ဓါနသာသနံ
၁။    သဗ္ဗပါပဿ  အကရဏံ- မကောင်းသော အကုသိုလ်တရားတို့မှ ကင်းစင်သော မြန်မာနိုင်ငံ သူ၊  မြန်မာနိုင်ငံသားများ၊  ကမ္ဘာသူ၊ ကမ္ဘာသားများ ဖြစ်ကြပါစေ။
၂။    ကုသလဿဥပသမ္ပဒါ-ကောင်းသောကုသိုလ် တရားတို့နှင့် ပြည့်စုံသော မြန်မာနိုင်ငံသူ၊ မြန်မာ နိုင်ငံသားများ၊  ကမ္ဘာသူ၊  ကမ္ဘာသားများဖြစ်ကြ ပါစေ။
၃။    သစိတ္တပရိယောဒပနံ - ဖြူစင် မြင့်မြတ်သော စိတ်ထားတို့နှင့်  ပြည့်စုံသော   မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားများ၊  ကမ္ဘာသူ၊  ကမ္ဘာသားများ ဖြစ်ကြပါစေ။
၄။     ဧတံ ဗုဒ္ဓါနသာသနံ - လောက၌ အတုမရှိသော အသန့်ရှင်းဆုံးသော မြတ်ဗုဒ္ဓ၏ ဓမ္မဩဝါဒ အဆုံး အမအောက်၌ ကောင်းကျိုးများထွန်းတောက်သော မြန်မာနိုင်ငံသူ၊  မြန်မာနိုင်ငံသားများ၊  ကမ္ဘာသူ၊ ကမ္ဘာသားများ ဖြစ်ကြပါစေ။
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။
 ပြောပြုတွေးလျှင်၊ သတိယှဉ်၊ ဆင်ခြင်ဉာဏ်ရှေ့သွား။
အရာရာတွင် အသုံးဝင် အောင်မြင်ကြောင်းတရား
ဟူ၍   မြတ်ဗုဒ္ဓ၏   တရားတော်အတိုင်း  ပွားများ အားထုတ်နိုင်ကြပါစေဟု    ဆုတောင်းပတ္ထနာ ပြုလိုက်ပါသည်။