
မုံရွာ အောက်တိုဘာ ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် ခန္တီးခရိုင် ဟုမ္မလင်း မြို့နယ် နားသကျိုက် ကျေးရွာအနီး နမ့်ပငချောင်း အသေးစားရေအားလျှပ်စစ်စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိကြသည်။
ရှေးဦးစွာ ရေအားလျှပ်စစ် အကောင်အထည်ဖော် ရေးအဖွဲ့ တည်ဆောက်ရေး-၅ မှ ဒုတိယညွှန်ကြား ရေးမှူး ဦးကျော်စိုးဝင်းက နမ့်ပငချောင်း အသေးစား ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများ ဘဏ္ဍာနှစ် အလိုက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နမ့်ပငချောင်း အသေးစား ရေအား လျှပ်စစ်စီမံကိန်း တည်ဆောက်ပြီးစီးပါက ဟုမ္မလင်း မြို့နှင့် ဒေသခံပြည်သူလူထုအား လျှပ်စစ်မီးကို လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်တော့မည် ဖြစ်ပါ၍ သတ်မှတ်ကာလတွင် ပြီးစီးအောင် ဆောင် ရွက်စေလိုပါကြောင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်း ရေးနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မခံရစေရေး အတွက် ကျန်းမာရေးအသိနှင့်သတိရှိရေး၊ လုပ်ငန်း များဆောင်ရွက်မှုအပေါ် စေတနာထား ဆောင်ရွက် ရေးတို့နှင့်ပတ်သက်၍ အသေးစိတ် မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက နမ့်ပငချောင်း အသေးစားရေအားလျှပ်စစ်စီမံကိန်း ပုံစံငယ်နှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေထိန်းတမံတည်ဆောက်နေမှုများအား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ နမ့်ပငချောင်း အသေးစားရေအား လျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက် ဘက် ၇ ဒသမ ၅ မိုင်ခန့်အကွာ နားသကျိုက် ကျေးရွာအနီးတွင် တည်ရှိပြီး ရေဆင်းဧရိယာ ၃၉ဝ ဒသမ ၇၃ စတုရန်းမိုင်၊ တမံအမျိုးအစား Concrete Gravity Dam ဖြစ်ပြီး တမံအလျား ၄၇၃ ပေ၊ တမံအမြင့် ၁၁၄ ဒသမ ၈ ပေ၊ ရေအားအမြင့် ၈ဝ ဒသမ ၃၈ ပေ၊ ကန်ရေပြည့်ရေလှောင်ပမာဏ ၁၁၃၅၂ ဧက၊ ရေပိုလွှဲအမျိုးအစား သံကူကွန်ကရစ် အမျိုး အစားဖြစ်ပြီး တပ်ဆင်စက်အင်အား ၆ မဂ္ဂါဝပ် (၂ x ၃ မဂ္ဂါဝပ်)နှစ်စဉ်ပျမ်းမျှထုတ်နိုင်သည့် ဓာတ်အား ၃၄ ဒသမ ၆၈ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လုပ် နိုင်မည်ဖြစ်ပြီး စီမံကိန်းအား ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေး နှစ်တွင် အပြီးတည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)