
နေပြည်တော် ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ် ပန်ဟိုက် ရပ်ကွက် (၆) နှင့် အီဟန်းရပ်ကွက် (၉) တို့တွင် ယနေ့ နံနက်ပိုင်းတွင် တပ်မတော်က ပစ်ခတ်သည့် လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး သုံးဦးနှင့် လူကြီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာ တွင် တရားမဝင် ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media က လုပ်ကြံရေးသားနေသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေမှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်း ချက်အရ နမ္မတူမြို့နယ်အတွင်း နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အား TNLA သောင်းကျန်းသူများက လက်နက်ကြီး များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူများနေထိုင်ရာ ရပ်ကွက်အတွင်းသို့ လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရပြီး အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နမ္မတူမြို့အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုဆောင်ရွက်ခဲ့ခြင်းမရှိ ကြောင်း သိရှိရသည်။
ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများ၏ မြို့၊ ရွာများအတွင်းသို့ ပစ်ခတ်တိုက်ခိုက်နေသည့် လုပ်ရပ် များကို ဖုံးကွယ်ပေးရန်၊ ပြည်သူလူထုမှ တပ်မတော် အပေါ် အထင်အမြင်လွဲမှားစေရန်နှင့် နိုင်ငံတကာ စာမျက်နှာများတွင် တပ်မတော်၏ဂုဏ်သိက္ခာ ကျဆင်း စေရန်အတွက် အကြမ်းဖက်အားပေး ပြည်ဖျက် မီဒီယာများက ကောလာဟလသတင်းများကို ရည်ရွယ် ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်