
နမ္မတူ နိုဝင်ဘာ ၂၀
တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် မူလတန်း အဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို နိုဝင်ဘာ ၁၉ ရက်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ ခရိုင် နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
အဆိုပါမူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်းမှ မူလတန်း ကျောင်းသား ကျောင်းသူ ၁၃ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဦးစီးမှူးဒေါ်ခိုင်ဇာထွန်းက အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)