နမ္မတူမြို့နယ်အတွင်း ကျေးလက်ကုန်ထုတ်လမ်းနှင့် ကျေးလက်ရေပေးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

 

နမ္မတူ ဇူလိုင်  ၂၆ 


သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ    ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ်မြောက်ပိုင်း    နမ္မတူမြို့နယ်အတွင်း ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်လျက်ရှိသော မန်မိုင်ကျေးရွာ၊  မိုင်းတက်ကျေးရွာနှင့်ကျေးလက်ရေရရှိရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသော ဆန်ခါ ကျေးရွာတို့ကို ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်း၊ ခရိုင်ဦးစီးမှူး ဦးထွန်းချစ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

 


ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ    မန်မိုင်ကျေးရွာ ကုန်ထုတ်လမ်း အရှည်တစ်မိုင် မြေသားတာပေါင်တင် ဗြုန်းကျောက်ခင်း၊  ရေထုတ်ပြွန်သုံးစင်း၊   Slab Culvert တစ်စင်းတည်ဆောက်ခြင်း၊    မိုင်းတက် ကျေးရွာကုန်ထုတ်လမ်း အရှည် ၁/ ၀ ဒသမ  ၄ မိုင် မြေသားတာပေါင်တင်ဗြုန်းကျောက်ခင်း၊ ရေထုတ် ပြွန်နှစ်စင်း တည်ဆောက်ခြင်းနှင့် ဆန်ခါကျေးရွာ ရေပေးရေးလုပ်ငန်းများကို  တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက ဆောင်ရွက်နေမှုကို   ပြည်နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများက   ကွင်းဆင်း စစ်ဆေးကြရာ   လုပ်ငန်းဆောင်ရွက်ရမည့်    အချက် အလက်များအပြင်  လုပ်ငန်းများကို    အရည်အသွေး ပြည့်မီစွာဖြင့်   သတ်မှတ်ကာလအတွင်း     အချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည် များကို    ကုမ္ပဏီတာဝန်ရှိသူများ၊    ကျေးရွာလမ်း ကော်မတီများ၊ ကျေးရွာ ရေရရှိရေးကော်မတီများနှင့် အတူ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 


     အဆိုပါ ကုန်ထုတ်လမ်းများ   ဖောက်လုပ်ပြီးစီး ပါက ကျေးရွာနှစ်ရွာရှိ တောင်သူများ၏ လယ်ယာ မြေဧက ၆၀၀ ခန့်မှ   သီးနှံများကို  အလေအလွင့် နည်းပါးစွာ ဈေးကွက်သို့    အချိန်မီတင်ပို့ရောင်းချ နိုင်မည့်အပြင်   ဆန်ခါကျေးရွာရေပေးရေးလုပ်ငန်းဆောင်ရွက်ပြီးပါက လူဦးရေ ၃၅၀ ခန့်နှင့် ကျွဲ၊ နွား တိရစ္ဆာန်များကို သောက်သုံးရေ လွယ်ကူစွာ အသုံး ပြုနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန   ဦးစီးမှူး ဦးစိုင်း ဆိုင်လှိုင်းထံမှ သိရသည်။
 

ဖြိုးကျော်(ပုံတောင်မြေ)