
နမ္မတူ ဖေဖော်ဝါရီ ၂၀
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်ရုံးမှ အင်တာနက် အီးမေးလ်အသုံးပြုနည်း သင်တန်းကို ယမန်နေ့က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးဒေါ်ခိုင်ဇာထွန်းက အီးမေးလ်အကောင့် ဖွင့်နည်း၊ အီးမေးလ်ဖြင့် ရုံးစာပေးပို့နည်း၊ ဗီဒီယိုဖိုင်ပေးပို့နည်းနှင့် ဗီဒီယိုဖိုင်တည်းဖြတ်နည်းများကို လက်တွေ့အသုံးပြုနိုင်ရေး ရှင်းလင်း ပို့ချခဲ့ရာ ဌာနဆိုင်ရာများမှ ဝန်ထမ်း ရှစ်ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)