နမ္မားမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ  ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာသို့  အောက်ဆီဂျင်အိုးနှင့် ရောဂါကာကွယ်ရေး  အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

 

 

နေပြည်တော်   ဩဂုတ်    ၃၀


ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူ များကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင်   အောက်ဆီဂျင်   လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် အတွက်    တပ်မတော်နှင့်    အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရ ဖြည့် စားသောက်ဖွယ်ရာများကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံ များ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာန များ၊   ကိုဗစ်စင်တာများနှင့်   လူမှုကူညီရေး အသင်းအဖွဲ့များသို့      ပေးပို့လှူဒါန်းလျက် ရှိသည်။
ထိုသို့    လှူဒါန်းလျက်ရှိရာ   ယနေ့တွင် ကချင်ပြည်နယ်  မိုးညှင်းမြို့နယ်  နမ္မားမြို့  အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ် ထားသည့် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာရှိ လူနာများအတွက် အောက်ဆီဂျင်အိုး အလုံး ၂၀၊ Oxygen Flow  Meter ငါးခု၊ Surgical  Mask ၂၄၀၀၊ PPE ဝတ်စုံ ၅၀ နှင့် Test  Kit ၂၀၀   တို့ကို    မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက သွားရောက် လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြကြောင်း သတင်းရရှိသည်။ 
  သတင်းစဉ်