နမ့်စန်မြို့ရှိ တပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများအား သွားရောက်ကြည့်ရှု အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်၏ ဘက်စုံစိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇွန်  ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)      နမ့်စန်မြို့ရှိ    တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော   သံဃာတော်များ၊   အရာရှိ၊  စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစု ဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့တွင်  ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ    ဒုတိယဗိုလ်ချုပ်ကြီး     အောင်အောင်၊  အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ်  မျိုးမင်းထွန်း နှင့်  တာဝန်ရှိသူများက သွားရောက်ကြည့်ရှုသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ   ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊  တိုင်းမှူးနှင့် တာဝန်ရှိသူများက  ဆေးရုံတက်ရောက်ကုသ လျက်ရှိသော  သံဃာတော်များ၊  အရာရှိ၊  စစ်သည်၊  မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသား များ၏   တစ်ဦးချင်းရောဂါဖြစ်ပွားမှုအခြေအနေနှင့်  ရောဂါတိုးတက် ကောင်းမွန်လာမှုအခြေအနေတို့အား   လိုက်လံကြည့်ရှု၍ အားပေးစကား များ  ပြောကြားကာ  အာဟာရပြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ်  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင်  ကာကွယ်ရေးဦးစီးချုပ်ရုံး  (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး  အောင်အောင်၊  တိုင်းမှူးနှင့် တာဝန်ရှိသူများက  တိုင်းစစ်ဌာနချုပ်၏   ဘက်စုံ စိုက်ပျိုး/ မွေးမြူရေးခြံများအတွင်း ရာသီသီးနှံများစိုက်ပျိုးထားရှိမှု၊ စင်တင်သီးနှံများ စိုက်ပျိုးထားရှိမှု၊ ဥစားကြက်၊ ဒေသကြက်၊ DYL အသားတိုးဝက်၊ ဆိတ်၊ နို့စားနွား၊ အသားစားနွား၊ ငါးခူမွေးမြူထားရှိမှု၊ တိုင်းစစ်ဌာနချုပ်  အစာစပ်စက်ရုံဆောင်ရွက်နေမှုနှင့် ကွပ်ကဲမှုအောက်ရှိ  တပ်ရင်း/တပ်ဖွဲ့များသို့    ပြင်ပထက်   သက်သာသောဈေးနှုန်းဖြင့် ပြန်လည်ရောင်းချပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ နှင့် တွေ့ဆုံကာ  ကုန်ထုတ်လုပ်မှုလုပ်ငန်းများ  ရာနှုန်းပြည့်အောင်မြင် ဖြစ်ထွန်းအောင်   ဆောင်ရွက်နိုင်ရေးနှင့်   လိုအပ်သည်များ  ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                
သတင်းစဉ်