
နမ့်စန် နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ နိုဝင်ဘာ ၁၁ ရက်က သွားရောက်ပြီး မြို့နယ် ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကား ပြောကြားကာ ပြည်သူ့ဆေးရုံရှိ ဓာတ်မှန် ခန်း၊ Ultrasound ခန်းနှင့် ICU ခန်းမတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူး ချုပ်လှမိုးနှင့် ပြည်နယ် သယံ ဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် တို့က မြို့နယ်ပြည်သူ့ဆေးရုံ အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ က ပေးအပ်လှူဒါန်းသည့် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၁၅ လုံး၊ Oxygen Concentrator ခြောက်လုံး၊ Flow Meter ၁၀ ခု၊ Surgical Mask ဖာ ၃၀၊ ပိုးသတ် ဆေးရည် သုံးပုံးနှင့် ငွေကျပ် ၁၀ သိန်းတို့ကို ICU ခန်းမရှေ့ တွင် ပေးအပ်လှူဒါန်းခဲ့ရာ နမ့်စန်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင် တို့က လက်ခံယူကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)