
နေပြည်တော် စက်တင်ဘာ ၂၃
တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ မြို့နယ်များမှ သံဃာ တော်များ၊ သာသနာ့နွယ်ဝင် သီလ ရှင်များ၊ ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီမှ နယ်မြေခံဆေးကုသ ရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့ ပန်လင်း ဆိုင်ကျေးရွာရှိ ဒေသခံတိုင်းရင်း သား ၆၈၂ ဦးတို့ကို အရှေ့အလယ် ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ ဘုရားဖြူစေတီတော် ဓမ္မာရုံ၌လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြောင်းတကာကျေးရွာရှိ ဒေသခံ ပြည်သူ ၁၉၃ ဦးတို့ကို ရန်ကုန် တိုင်းစစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ ကျေးလက်ကျန်းမာရေး ဆေးပေးခန်း၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ မြို့နယ် ဇီးတောကျေးရွာနှင့် ကလေးမြို့ အောင်မေတ္တာရပ်ကွက် ရှိ ဒေသခံပြည်သူ ၂၆၂ ဦးတို့ကို အနောက်မြောက် တိုင်းစစ်ဌာန ချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့ များက သတ်မှတ်နေရာများ၌ လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် စံပြ ကွက်သစ်ရပ်ကွက်ရှိ ပတ္တမြား ရိပ်သာကျောင်းတိုက်မှ သံဃာ တော် ၃၂ ပါး၊ သာသနာ့နွယ်ဝင် သီလရှင် ၁၀ ပါးနှင့် ဒေသခံပြည်သူ ၁၂၃ ဦးတို့ကို အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့က အဆိုပါကျောင်းတိုက်၌ လည်းကောင်း အရိုးအကြော ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ သွေးတိုးရောဂါ၊ သားဖွားမီးယပ် ရောဂါ၊ အစာအိမ်နှင့် အူလမ်း ကြောင်းဆိုင်ရာရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးခြင်း၊ ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ် ခြင်း၊ ဆီးချို၊ သွေးချိုနှင့် သွေး အုပ်စုများ စစ်ဆေးပေးခြင်း၊ ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ များကို နယ်မြေခံတပ်မတော် ဆေးရုံများသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း နှင့် ကျန်းမာရေးအသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေး သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ် သညများ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်