နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာအနီးသို့ တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ ၂၁


ရှမ်းပြည်နယ်     (မြောက်ပိုင်း) နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာ အနီးသို့ နိုဝင်ဘာ  ၁၉   ရက်   ည  ၁၁ နာရီခန့်တွင်  တပ်မတော်မှ လေကြောင်းအသုံးပြု၍   ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်းနှင့် ဒေသခံ ပြည်သူများ သေဆုံးခဲ့ရကြောင်းကို လူမှုကွန်ရက်   စာမျက်နှာများ၌ မဟုတ်မမှန်     သတင်းမှားများ ထုတ်လွှင့်ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။


တပ်မတော်အနေဖြင့် နယ်မြေ ဒေသလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အကြမ်းဖက်မှု ချေမှုန်းရေး    စစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိရာ  နိုဝင်ဘာ ၁၉ ရက်   ညပိုင်းတွင်   နမ့်ဆန် မြို့နယ်      မြို့သစ်ကျေးရွာအနီး ၌     ထိတွေ့တိုက်ပွဲ      ဖြစ်ပွား   စဉ်   အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့်  ရမ်းသန်း ပစ်ခတ်    တိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျည်များ    ကျရောက်ပေါက်ကွဲ ခဲ့ခြင်းဖြစ်ကြောင်း     သိရှိရပြီး တပ်မတော်မှ    အဆိုပါဖြစ်စဉ် နေရာသို့ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း နှင့်  တပ်မတော်နှင့်    ပြည်သူ ပူးပေါင်း၍ အကြမ်းဖက်မှုနှိမ်နင်း ရေး ဆောင်ရွက်နေမှုများကို မလို လားသည့်  ပြည်ဖျက်မီဒီယာများ က ပြည်သူလူထုနှင့် တပ်မတော် အကြား သွေးကွဲစေရန်   ရည်ရွယ် ချက်ဖြင့် သတင်းအမှား၊ သတင်း အတုများကို ရေးသားဖြန့်ဝေနေ ခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။


သတင်းစဉ်