
ရန်ကုန် နိုဝင်ဘာ ၉
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က နိုဝင်ဘာလအတွက် သင့်တင့်မျှတသော ဆန်ဈေးနှုန်းဖြင့် ရောင်းဝယ်ရန် အသင်းဝင်ကုမ္ပဏီများ၊ ဆန်စက်ပိုင်များ၊ ဆန်ကုန်သည် များကို အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
နိုဝင်ဘာလအတွက် ဧည့်မထအုပ်စု ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၅၈၀၀၀ မှ ၆၀၀၀၀၊ ၁၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ မှ ၆၂၀၀၀၊ ၁၀ - ၅ မှတ် ဆန်တစ်အိတ်လျှင်ကျပ် ၆၂၀၀၀ မှ ၆၄၀၀၀ ၊ ဧရာမင်း ၊ ဧရာပဒေသာ ၊ အထူးဧည့်မထ အုပ်စု ၂၅ မှတ် ဆန်တစ်အိတ်လျှင်ကျပ် ၆၅၀၀၀ မှ ၇၀၀၀၀၊ ၁၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ မှ ၇၅၀၀၀ ၊ ၁၀ - ၅ မှတ် ဆန်တစ်အိတ် လျှင်ကျပ် ၇၅၀၀၀ မှ ၈၀၀၀၀ ၊ ဧရာဝတီပေါ်ဆန်း မွှေး ၁၀ - ၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ မှ ၈၀၀၀၀ ဖြင့် ဈေးနှုန်းသတ်မှတ်ထား ကြောင်း နိုဝင်ဘာ ၈ ရက်က ထုတ်ပြန်ကြေညာ ထားသည်။
၂၀၂၃ ခုနှစ်မိုးစပါးပေါ်ချိန်တွင် အသင်းဝင် ကုမ္ပဏီများ ၊ ဆန်စက်ပိုင်များ၊ ဆန်ကုန်သည်များ က သင့်တင့်မျှတသော စပါးဈေးနှုန်းဖြင့် ဝယ်ယူဆောင်ရွက်ကြရန် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က စက်တင်ဘာ ၂၁ ရက်က အသိပေး ကြေညာခဲ့သည်။
မျိုးမင်းသူရ