နိုဝင်ဘာလ ဒုတိယ ၁၀ ရက်ပတ်အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ


ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိ အားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ  မုန်တိုင်းငယ်အဖြစ်သို့  ရောက်ရှိနိုင်သည်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး ကပ္ပလီပင်လယ်ပြင် နှင့်  ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်  တိမ်အသင့်အတင့်မှ  တိမ် ထူထပ်နိုင်သည်။

 


မိုးအခြေအနေနှင့် မိုးရွာရက်


တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ နေပြည်တော်၊ ပဲခူး တိုင်းဒေသကြီး၊   ရန်ကုန်တိုင်းဒေသကြီး၊   ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်း မြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။ 

 


ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် သုံးရက်မှ ငါးရက် ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊  ချင်းပြည်နယ်၊  ရခိုင်ပြည်နယ်နှင့်  ကယားပြည်နယ် တို့တွင် တစ်ရက်မှ နှစ်ရက်ခန့် မိုးထစ်ချုန်းရွာနိုင်သည်။ 

 


ညအပူချိန် 


ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နိုဝင်ဘာလ ပျမ်းမျှအပူချိန်၏ (၁ ဒသမ ၅) ဒီဂရီစင်တီဂရိတ်နှင့် အထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နိုဝင်ဘာလ ပျမ်းမျှ အပူချိန်၏ (၁ ဒသမ  ၅) ဒီဂရီစင်တီဂရိတ်နှင့်အောက်‌ လျော့နည်း နိုင်ကာ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နိုဝင်ဘာလ ပျမ်းမျှအပူချိန်ခန့်သာရှိနိုင်သည်။ 

 


မြူအခြေအနေ


စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊  ရန်ကုန်တိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊  ရှမ်းပြည်နယ်၊  ချင်းပြည်နယ်၊  ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်    လေးရက်မှ    ရှစ်ရက်ခန့်နှင့်    နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊       မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊   ပဲခူးတိုင်းဒေသကြီးနှင့်   ကယားပြည်နယ်တို့ တွင် တစ်ရက်မှ သုံးရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်သည်။ 

 


မြစ်ရေအခြေအနေ

 

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊  သပိတ်ကျင်းမြို့၊  မန္တလေးမြို့၊  စစ်ကိုင်းမြို့၊  မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ပေဝက်မှ နှစ်ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတ မြို့နှင့်  ဇလွန်မြို့တို့တွင်  နှစ်ပေမှ လေးပေခန့် လက်ရှိရေမှတ်များ အောက် ကျဆင်းလာနိုင်သည်။ 
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် တစ်ပေမှ လေးပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်သည်။

 


မြစ်သာမြစ်ရေသည် ကလေးမြို့တွင် နှစ်ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေ သည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်မှ နှစ်ပေခန့်၊  စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် တစ်ပေမှ တစ်ပေခွဲခန့်၊   ရွှေကျင်မြစ်ရေသည်  ရွှေကျင်မြို့တွင်  တစ်ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ပေဝက်မှ တစ်ပေခန့်၊ သံလွင်မြစ်ရေသည် ဖားဆောင်းမြို့နှင့် ဘားအံမြို့တို့တွင် တစ်ပေမှ သုံးပေခန့်၊  သောင်ရင်းမြစ်ရေသည်  မြဝတီမြို့တွင် ပေဝက်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်း မြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် နှစ်ပေမှ လေးပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် နှစ်ပေခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့နှင့် ကျောက်တော်မြို့တို့တွင် ပေဝက်မှ တစ်ပေခန့်၊  လေးမြို့  မြစ်ရေသည် မြောက်ဦးမြို့တွင် ပေဝက်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်သည်။              

မိုး/ဇလ