
နေပြည်တော် ဩဂုတ် ၄
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)တွင် သီးနှံ-သစ်တော (Agro-forestry) စိုက်ပျိုးပွဲကို ယနေ့နံနက် ၆ နာရီခွဲတွင် တက္ကသိုလ် ရဲဝန်ထမ်းအိမ်ရာရှိ တက္ကသိုလ် သီးနှံစိုက်ကွက်များ အနီး၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည် ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က မန်ဂျန်ရှားပျိုးပင် များကို အရာထမ်း၊ အမှုထမ်းများ ကိုယ်စား ပါမောက္ခချုပ်နှင့် ဒုတိယ ပါမောက္ခချုပ်များကို လည်းကောင်း၊ ဝန်ထမ်းအဖွဲ့ အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းနှင့် အဆင့် မြင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်းများကိုယ်စား သင်တန်း သား ကိုယ်စားလှယ်များကိုလည်း ကောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခ ချုပ်နှင့် ပြင်ဦးလွင်ခရိုင် သစ်တော ဦးစီးဌာန ခရိုင်ဦးစီးမှူးတို့ကကျန်ရှိသော သင်တန်း(၄)ခုမှ သင်တန်းအလိုက် ကိုယ်စားလှယ် များကိုလည်းကောင်း ပေးအပ် သည်။
တက္ကသိုလ် ရဲဝန်ထမ်းအိမ်ရာ ရှိ မန်ဂျန်ရှား တစ်အုပ်တစ်မ စိုက်ခင်းတွင် အပင် ၁၇၅၀ ၊ သီးနှံ စိုက်ကွက် (၁) ပိန္နဲနှင့် သြဇာ စိုက်ခင်းပတ်လည်တွင် အပင် ၁၁၀ ၊ စိုက်ကွက်(၂) ဘောက်သီး ပင်၊ ပင်မှည့်ပင်နှင့် စိန်တစ်လုံး သရက်စိုက်ခင်း ပတ်လည်တွင် အပင် ၂၇၀ ၊ စိုက်ကွက် (၃) ရာသီ သီးနှံနှင့် စိန်တစ်လုံးစိုက်ခင်း ပတ်လည်တွင် အပင် ၁၇၀ နှင့် နှစ်ခန်းတွဲ ရဲဝန်ထမ်းအိမ်ရာ လမ်းဘေးတွင် အပင် ၁၀၀ စုစုပေါင်း မန်ဂျန်ရှားပင် ၂၄၀၀ တို့ကို စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။
သတင်းစဉ်