
ပြင်ဦးလွင် မတ် ၂၂
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) စစ်ရေးပြကွင်းတွင် ယနေ့နံနက် ၇ နာရီက စာရေး ဝန်ထမ်း သင်တန်းအမှတ်စဉ် (၁၀၇) သင်တန်းဆင်းပွဲ အခမ်း အနား ကျင်းပရာ သင်တန်း ဆင်းတပ်ခွဲက နိုင်ငံတော်အလံ အား အလေးပြုပြီး ဆက်လက်၍ ပါမောက္ခချုပ် ဦးကျော်စိုးအား အလေးပြုကြသည်။
ထို့နောက် ပါမောက္ခချုပ်က သင်တန်းသားစံပြဆုရ ကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီး ဌာန ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနမှ သင်တန်းသား အမှတ် - ၄၀၆ ဦးမင်းကျော်(စက်မှု ကျွမ်းကျင်-၃) အားလည်းကောင်း၊ သင်တန်းသူ စံပြဆုရ မီးသတ်ဦးစီး ဌာန ပြည်ထဲရေးဝန်ကြီးဌာနမှ သင်တန်းသူအမှတ် -၁၆၁ ဒေါ်စန္ဒာ သိန်း (လက်ထောက်မီးသတ်ဦးစီး မှူး) တို့အား လည်းကောင်း၊ သင်တန်းသား သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ် ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများအား လည်းကောင်း ဆုများချီးမြှင့်ခြင်းနှင့် သင်တန်း ဆင်း အောင်လက်မှတ်များ ပေးအပ်ပြီးနောက် သင်တန်းဆင်း မိန့်ခွန်းပြောကြားသည်။
ယင်းသင်တန်းဆင်းပွဲ အခမ်း အနားသို့ ဒုတိယပါမောက္ခချုပ် များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ ဌာနမှူးများ၊ သင်ကြားစီမံဌာနများ မှ တာဝန်ရှိသူများနှင့် သင်တန်း သား ၁၄၇ ဦး၊ သင်တန်းသူ ၃၁၇ ဦး စုစုပေါင်း ၄၆၄ ဦးတို့ တက်ရောက်ပြီး သင်တန်းကာလ မှာ ၁၅-၁-၂၀၂၄ ရက်မှ ၂၂-၃- ၂၀၂၄ ရက်အထိ ရက်သတ္တ ၁၀ ပတ်ကြာမြင့်ခဲ့ကြောင်း သတင်း ရရှိသည်။
ခင်ရတနာ