
နေပြည်တော် ဩဂုတ် ၅
ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)တွင် အရာထမ်း လောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့ လွန်ဒီပလိုမာ သင်တန်းအမှတ်စဉ် (၉) သင်တန်းဆင်းပွဲအခမ်းအနား ကို ယနေ့နံနက် ၇ နာရီတွင် တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန် အဖွဲ့အဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ် များ၊ တက္ကသိုလ်သင်ကြား၊ စီမံ ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ ဖိတ်ကြားထားသော ဧည့်သည် တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြ သည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က ယနေ့ သည် အရာထမ်းလောင်းအခြေခံ သင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံ ခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၉) သင်တန်းသား သင်တန်းသူများ၏ အောင်မြင်စွာ သင်တန်းပြီးမြောက်သည့် ဂုဏ်ယူ ဖွယ်ရာနေ့ဖြစ်ပါကြောင်း၊ နိုင်ငံ များတွင်ဖြစ်စေ၊ အဖွဲ့အစည်း အသီးသီးတွင်ဖြစ်စေ ခေါင်း ဆောင်များ၏ အခန်းကဏ္ဍ သည် အလွန်အရေးကြီးပါကြောင်း၊ ခေါင်းဆောင်မှုကို ကောက်ရိုးမီး ကဲ့သို့မလုပ်ဘဲ ကိုယ်တိုင်စံနမူနာ ပြ နေထိုင်ကျင့်ကြံပြီး လုပ်ငန်း များကို စနစ်တကျစီမံခန့်ခွဲ ရမည့်အပြင် မိမိတို့ စီမံအုပ်ချုပ်ရ မည့် ဝန်ထမ်းများအပေါ် မှန်ကန် သော ခေါင်းဆောင်မှုပေးရန် နှင့် ယုံကြည်အားကိုးလာစေရန် ကြိုးစားကြစေလိုကြောင်း။
ပူးပေါင်းဆောင်ရွက်
ထို့ပြင် နိုင်ငံတော်တည်ဆောက် ရေးတွင် နိုင်ငံ့ဝန်ထမ်းများက အရေးပါသော အခန်းကဏ္ဍ က ပါဝင်လျက်ရှိပြီး နိုင်ငံ့ ဝန်ထမ်း အရည်အချင်း ပြည့်ဝ ကျွမ်းကျင်မှု၊ လုံ့လဝီရိယနှင့် တာဝန်ကျေပွန်မှု၊ စိတ်ဓာတ် နှင့် စည်းကမ်းများကောင်းမွန် ပြီး ကျင့်ဝတ်စောင့်ထိန်းပါမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ကောင်းစွာ မြှင့်တင် ဆောင်ရွက်နိုင်မည် ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်၏ စီမံ အုပ်ချုပ်မှု ယန္တရားအတွင်းမှာ ကိုယ်ကျရာကဏ္ဍကနေ တာဝန် ကျေပွန်စွာ ထမ်းရွက်နိုင်ရုံသာမက စေတနာကောင်းများဖြင့် တာဝန် ယူမှု၊ တာဝန်ခံမှုများနှင့် ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက် တွန်းမှာကြားသည်။
ထို့နောက် သင်တန်းများတွင် ထူးချွန်ဆုရရှိသူများအား ဆုများ ပေးအပ်ပြီး သင်တန်းဆင်းအောင် လက်မှတ်များ ချီးမြှင့်သည်။
ဆက်လက်၍ အရာထမ်း လောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာသင်တန်း အမှတ်စဉ်(၉)၏ ဘွဲ့နှင်းသဘင် အခမ်းအနားကို တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပ ပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခ ချုပ် ဦးကျော်စိုးက ပြည်သူ့ဝန် ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာ ဘွဲ့လက်မှတ်များ ချီးမြှင့်သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား၂၅၁ ဦး၊ သင်တန်းသူ ၇၈ ဦး စုစုပေါင်း ၃၂၉ ဦး တက် ရောက်ပြီး သင်တန်းကာလမှာ ဧပြီ ၂၀ ရက်မှ ဩဂုတ် ၅ ရက်အထိ ရက်သတ္တ ၁၆ ပတ် ကြာမြင့်ခဲ့ ကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်သည် တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသော သင်တန်း များ၏ စစ်ပညာလက်နက်မဲ့၊ လက်နက်ဖြင့် သင်ကြားပို့ချမှု အခြေအနေ၊ သင်ခန်းစာအပေါ် အဖွဲ့လိုက် တင်ပြဆွေးနွေးမှု၊ စာသင်ကြား ပို့ချနေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်