
ရန်ကုန် ဇန်နဝါရီ ၁၇
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၆ ရက် နံနက် ၈ နာရီက ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ရည်မှန်းချက်များဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးနှင့် ပြည်သူကိုဗဟိုပြုသည့် ကောင်းမွန်သော အုပ်ချုပ်ရေး ယန္တရား တည်ဆောက်ရေးတို့ကို စံတန်ဖိုး (၅)ရပ် ဖြစ်သည့် စိတ်ဓာတ်ကောင်းမွန်မှု၊ စည်းကမ်း ကောင်းမွန်မှု၊ သစ္စာစောင့်သိမှု၊ စည်းလုံးညီညွတ်မှု၊ စွမ်းရည်ပြည့်ဝမှုစသည့် အခြေခံအချက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ထို့အပြင် ထုတ်ပြန်ထားရှိသည့် လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရန်၊ မှန်ကန် သည့် ခံယူချက်များ ဝန်ထမ်းတိုင်းတွင်ရှိနေရန်နှင့် လုပ်ငန်းခွင်မှာသာမက မိမိတို့ ပတ်ဝန်းကျင်မှ ရရှိ လာမည့် အတွေ့အကြုံဗဟုသုတများကို စဉ်ဆက် မပြတ် လေ့လာသင်ယူနေရန် လိုအပ်ကြောင်း ပြောကြားသည်။
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဖွင့်လှစ်သော အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်း အမှတ်စဉ်(၂)သို့ သင်တန်းသား ၁၃၄ ဦး၊ သင်တန်းသူ ၁၁၆ ဦး စုစုပေါင်း ၂၅၀ တက်ရောက် ကြပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၁၆ ရက်မှ မတ် ၂၄ ရက်အထိ ရက်သတ္တ ၁၀ ပတ်ကြာမြင့်မည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်