နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်းအမှတ်စဉ် (၃) နှင့် စာရေးဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ် (၁၀၀) သင်တန်းဆင်း အခမ်းအနားကျင်းပ

 

နေပြည်တော် ဇူလိုင် ၂၂


ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှု ဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ် စဉ် (၃)နှင့် စာရေးဝန်ထမ်းအခြေခံ သင်တန်းအမှတ် စဉ် (၁၀၀) တို့၏   သင်တန်းဆင်းအခမ်းအနားများကို  ယနေ့ နံနက် ၇ နာရီခွဲတွင် တက္ကသိုလ်စစ်ရေးပြကွင်း၌ တစ်ပေါင်းတည်းကျင်းပသည်။

 


အခမ်းအနားသို့   ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ၊ အဖွဲ့ဝင် သူရ ဦးဘိုနီ၊ ညွှန်ကြား ရေးမှူးချုပ်   ဦးမြင့်ဆွေ၊   မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်   ဦးကျော်စိုး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒုတိယပါမောက္ခချုပ်များ၊   ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာန များမှ   တာဝန်ရှိပုဂ္ဂိုလ်များနှင့်    သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 


ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ က    သင်တန်းဆင်းအမှာစကား   ပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်အနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တဟူသော စွမ်းရည်သုံးရပ်ဖွံ့ဖြိုးတိုးတက်ပြီး အဂတိတရားကင်းစင်၍   စိတ်ဓာတ်နှင့်    အကျင့် စာရိတ္တ   ကောင်းမွန်သည့်    ပြည်သူ့ဝန်ထမ်းများ ဖြစ်စေရေးနှင့်       နိုင်ငံတော်ကမျှော်မှန်းသည့် ကောင်းမွန်သည့် အုပ်ချုပ်ရေး၊ သန့်ရှင်းသည့် အစိုးရ ဖြစ်ထွန်းရန်  ပြည်သူ့ဝန်ထမ်းများ၏  ရင့်ကျက်မှု၊  အတွေ့အကြုံရှိမှု၊    အရည်အသွေးပြည့်ဝမှုများကို ထိန်းသိမ်းမြှင့်တင်ပေးနိုင်ရန်၊     လူတော်များက လူကောင်းဖြစ်လာစေရန်၊  ပြည်သူ့ဝန်ကိုထမ်းမည့်၊ ပြည်သူများ၏       လိုအပ်ချက်ကို       အပြည့်အဝ ဖြည့်ဆည်းဝန်ဆောင်မှုပေးမည့် သူများဖြစ်လာစေရန် နှင့် နိုင်ငံရေးပါတီများနှင့်ကင်းရှင်းပြီး တိုင်းပြည်နှင့် လူမျိုးအကျိုးရှေးရှု၍ တာဝန်ကျေပွန်သော ဂုဏ် သိက္ခာကျင့်ဝတ်မြင့်မားသော    နိုင်ငံ့ဝန်ထမ်းများ ဖြစ်စေရေး ဦးတည်လေ့ကျင့်သင်ကြားပေးလျက် ရှိပါကြောင်း။

 


ထို့အပြင်    ကာကွယ်ရေးပညာဌာနမှလည်း အခြေခံစစ်ပညာဘာသာရပ်ကို သင်ကြားပေးခြင်း ဖြင့်   အခြေခံစစ်ပညာ၏   စံတန်ဖိုးများဖြစ်သည့် စည်းကမ်းကောင်းမွန်ခြင်း၊ အမိန့် ညွှန်ကြားချက်များ နှင့်အညီ လိုက်နာဆောင်ရွက်တတ်ခြင်း၊ ပူးပေါင်း ဆောင်ရွက်တတ်ခြင်း၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် တတ်ခြင်း၊  စည်းလုံးညီညွတ်မှုရှိခြင်း၊   အဆင့်ဆင့် ကွပ်ကဲဆောင်ရွက်တတ်ခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည် မှုရှိခြင်း၊  အချိန်ကိုစီမံခန့်ခွဲနိုင်ခြင်း   စသည့် အလေ့ အကျင့်ကောင်းများရရှိပြီး ကာကွယ်ရေးအသိအမြင် ပိုမိုရရှိကာ နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ် သည့်အချိန်တွင် အသုံးချနိုင်စွမ်းရှိသည်အထိ ဆက် လက် လေ့ကျင့်သွားကြရန် မှာကြားလိုပါကြောင်း။

 


နိဂုံးချုပ်အနေဖြင့်    အနာဂတ်နိုင်ငံတော်၏ အဓိကစွမ်းအားစုသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည် နှင့်အညီ ပေးအပ်သည့်တာဝန်များကို ဦးလည်မသုန် ကျေပွန်အောင် ထမ်းဆောင်ကြရန်၊ အဂတိတရား ကင်းစင်၍  အုပ်ချုပ်ရေး၊  လုပ်ငန်းစွမ်းဆောင်ရည်၊ စိတ်ဓာတ်နှင့်အကျင့်စာရိတ္တ ကောင်းမွန်ပြီး လုပ်ငန်း တာဝန်များကို ရိုးသားကြိုးစားထမ်းဆောင်ကြရန်၊ မိမိအလုပ်ကို  ချစ်မြတ်နိုးတန်ဖိုးထားပြီး  နိုင်ငံနှင့် ပြည်သူ့အကျိုးအတွက်  တာဝန်ယူမှု၊  တာဝန်ခံမှု၊ တာဝန်သိမှု အပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြသော နိုင်ငံတော်က   အားထားရသည့်  နိုင်ငံ့ဝန်ထမ်းများ အဖြစ် ရပ်တည်ကြိုးပမ်းကြရန် တိုက်တွန်းမှာကြား သည်။

 


ထို့နောက် သင်တန်းများတွင် ထူးချွန်ဆုရရှိသူ များအား   ဆုများချီးမြှင့်ပေးအပ်ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။ 

 


အဆိုပါ အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၃) သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သင်တန်းသား ၁၂၇ ဦး၊ သင်တန်းသူ ၁၁၉ ဦး စုစုပေါင်း  ၂၄၆ ဦးနှင့်  စာရေးဝန်ထမ်းအခြေခံသင်တန်းအမှတ်စဉ်  (၁၀၀)   သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၁၈၂ ဦး၊ သင်တန်းသူ ၂၇၆ ဦး စုစုပေါင်း ၄၅၈ ဦးတို့ တက်ရောက်ခဲ့ကြပြီး   သင်တန်းကာလမှာ  မေ ၁၆ ရက်မှ ဇူလိုင် ၂၂ အထိ ရက်သတ္တ (၁၀) ပတ် ကြာမြင့် ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်