နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းအမှတ်စဉ် (၁၅)၊ အဆင့်မြင့်အရာထမ်း သင်တန်းအမှတ်စဉ်(၁၇)၊ အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲအခမ်းအနားများ ကျင်းပ

နေပြည်တော်  မေ   ၇
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက် မြန်မာပြည်)  ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး  သင်တန်းအမှတ်စဉ် (၁၅)၊       အဆင့်မြင့်အရာထမ်း သင်တန်း   အမှတ်စဉ်  (၁၇) တို့၏ သင်တန်းဖွင့်ပွဲ    အခမ်းအနားကို ယနေ့   နံနက်ပိုင်းတွင်  ယင်း တက္ကသိုလ်၌       ကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊       အဖွဲ့ဝင် ဦးဆန်းမြင့်၊           ဥက္ကဋ္ဌရုံးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)မှပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊    တက္ကသိုလ် သင်ကြားစီမံဌာနများမှ   တာဝန်ရှိ သူများ၊     ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်  သင်တန်း သား သင်တန်းသူများ တက်ရောက် ကြသည်။ 
အကြီးအမှူးကောင်းများ  ပေါ်ထွက်လာစေရေး
ဦးစွာ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ      ဦးအောင်သော်က အဆင့်မြင့်  အရာရှိကြီးများအနေ ဖြင့်   နိုင်ငံတော်၏   အုပ်ချုပ်မှု ယန္တရားအတွင်း    သိရှိနားလည် ထားသင့်သော  နိုင်ငံရေး၊  စီးပွား ရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဗဟုသုတများကို   သိရှိနားလည် စေရန်၊ မိမိတာဝန်ယူရသော စီမံ ခန့်ခွဲမှု အုပ်ချုပ်ရေးကဏ္ဍတို့တွင် ဦးဆောင်နိုင်မှု   စွမ်းရည်မြင့်မား လာစေရန် နိုင်ငံတော်နှင့် ပြည်သူ တို့၏  အကျိုးစီးပွားကို  ဦးထိပ် ပန်ဆင်ကာ       နိုင်ငံတော်၏ အဆင့်မြင့်      တာဝန်များကို အောင်မြင်စွာ   သယ်ပိုးထမ်းရွက် နိုင်မည့်      အနာဂတ်ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးကောင်း များ  ပေါ်ထွက်လာစေရေးအတွက် ပျိုးထောင်လေ့ကျင့်ပေးရန်   ရည် ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။
နိုင်ငံတော်       အစိုးရသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည် ချက် (၉) ရပ်တို့ဖြင့်   နိုင်ငံတော် ဘက်စုံ    ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့်     ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံ့ ဝန်ထမ်းများသည်   အရေးကြီး သည့်  အခန်းကဏ္ဍမှ ပါဝင်လျက် ရှိပါကြောင်း၊  လက်ရှိကာလတွင် နိုင်ငံတော်အစိုးရသည် နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်း ရေးကို          ထိန်းသိမ်းရန်နှင့် နိုင်ငံတော်     တည်ဆောက်ရေး လုပ်ငန်းများကို    လျင်မြန်စွာ အကောင်အထည်ဖော်ချိန်   ဖြစ် သည့်အတွက်  မိမိတို့  တတ်စွမ်း သည့်ဘက်မှ အားဖြည့်လုပ်ဆောင် ကြရန်          တိုက်တွန်းမှာကြား သည်။
သင်တန်းကာလ ရက်သတ္တရှစ်ပတ်ကြာမြင့်
ဝန်ထမ်းအဖွဲ့အစည်း  အကြီး အမှူးသင်တန်း  အမှတ်စဉ်(၁၅)သို့   သင်တန်းသား   ၁၆   ဦး၊ သင်တန်းသူ  ခုနစ်ဦး  စုစုပေါင်း၂၃ ဦးနှင့်      အဆင့်မြင့်အရာထမ်း သင်တန်း    အမှတ်စဉ်(၁၇)သို့ သင်တန်းသား   ၂၀ ၊   သင်တန်းသူ ၁၈ဦး စုစုပေါင်း ၃၈ဦး တက်ရောက် ကြပြီး သင်တန်းကာလမှာ မေ ၆ ရက်မှ ဇွန်  ၂၈ ရက်အထိ ရက် သတ္တရှစ်ပတ်    ကြာမြင့်မည်ဖြစ် သည်။
ထို့ပြင်  အုပ်ချုပ်မှုစွမ်းရည် မြင့်မားရေး   သင်တန်းအမှတ်စဉ် (၇)  ၏   သင်တန်းဖွင့်ပွဲအခမ်း အနားကိုကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ   ဦးအောင် သော်က        ယခုဖွင့်လှစ်သော သင်တန်းသည်      အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန် ထမ်းဆောင်နေသော   ဝန်ထမ်း များ၏   စိတ်ဓာတ်၊  စည်းကမ်း၊ ခံယူချက်၊ ယုံကြည်ချက်၊ စိတ်နေ သဘောထား ပိုမိုကောင်းမွန်လာ စေရန်၊  နိုင်ငံ့ဝန်ထမ်းများ  သိရှိ ထားရမည့်  ဥပဒေ၊  နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊   လုပ်ထုံး လုပ်နည်းများကို        နားလည် ကျွမ်းကျင်စေရန်၊    ပြည်တွင်း/ ပြည်ပ    နိုင်ငံရေး၊     စီးပွားရေး နှင့်     လူမှုရေးအခြေအနေနှင့် ကောင်းမွန်သော     အုပ်ချုပ်မှု၊ ခေါင်းဆောင်မှု သဘောတရားများ ကို   သိရှိစေရန်၊  ပြည်သူလူထု အား   ထိရောက်မြန်ဆန်သည့် ဝန်ဆောင်မှု      သတင်းအချက် အလက်များ   မျှဝေပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်း         ဖြစ်ပါ ကြောင်း၊  သင်တန်းမှ  ရရှိသော အတွေ့အကြုံများကို  နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့်  ပြည်သူ့ အတွက်            ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရေးတို့အတွက်  အကျိုးရှိစွာ         အသုံးချစေလိုပါ ကြောင်း၊  ကျရာအခန်းကဏ္ဍမှ  အဂတိတရား        ကင်းရှင်းပြီး စိတ်ကောင်းစေတနာကောင်းဖြင့် ဝန်ဆောင်မှုပေးကြရန် တိုက်တွန်း မှာကြားသည်။
အဆိုပါ သင်တန်းသို့ သင်တန်း သား ၁၃၄ ဦး၊ သင်တန်းသူ ၁၁၃ ဦး၊ စုစုပေါင်း ၂၄၇ ဦး တက်ရောက်ကြ ပြီး သင်တန်းကာလမှာ မေ ၆ ရက် မှ ဇူလိုင် ၁၂ ရက်ထိ ရက်သတ္တ ၁၀ ပတ်  ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။                 
သတင်းစဉ်