နိုင်ငံ့ဝန်ထမ်းနှင့် တာဝန်၊ စည်းကမ်း၊ ကျင့်ဝတ်

Type

   ဒေါင်

 

ကိုသံချောင်း - မစာဥ တစ်ခန်းရပ်စကားပြောခန်း (၂)

နွေဦးရဲ့    နေ့လယ်ခင်းက တိတ်ဆိတ်၍နေသည်။ ဆယ်အိမ်ခေါင်း ကိုသံချောင်း  အွန်လိုင်းကနေ လမ်းပေါ်ဆန္ဒပြသည့်သတင်းများ ကြည့်လိုက်၊ နာမည်ရှေ့တွင် နွေဦးထည့်၍ ခေါ်ကြသည်ကိုကြည့်ရင်း မိမိအမည်ကိုပင် နွေဦးသံချောင်းဟု ပြောင်းလဲချင်လာမိသည့်အခိုက်...။ အတွေးမဆုံးမီ အိမ်အောက်ထပ်မှ ဆူဆူညံညံ အသံများကြောင့် လှမ်း၍နားစွင့်မိသည်။ ညီဖြစ်သူနှင့် စကားလက်ဆုံကျနေသည့်အသံ။


“နိုင်ငံ့ဝန်ထမ်းတွေ CDM မလုပ်တာက နိုင်ငံတော်ကို သစ္စာမရှိတာ ပဲ။ ကျွန်မကတော့ အဲဒီလို မလုပ်၊ မရှုပ်၊ မပြုတ်ဝန်ထမ်းတွေကို အရှက်ခွဲကို ခွဲရမှ ကျေနပ်တယ်။ ရပ်ကွက်ထဲက အလုပ်ကိုသွားနေတဲ့   ဝန်ထမ်းတွေရှိရင်  ကျွန်မကိုပြောနော်။ ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ် (Facebook) တင်ပစ်လိုက်ဦးမယ်”
အာပေါင်အာရင်းသန်စွာဖြင့်  ပြောနေသူကား ဘေးအိမ်မှ ဘွဲ့ရ အပျိုကြီး မစာဥဖြစ်၏။ ကိုသံချောင်းတစ်ယောက်   အသည်းအသန် အောက်ကို ပြေးဆင်းရင်း...


“နိုင်ငံ့ဝန်ထမ်းက   ရုံးသွားတာကို  ဘယ်နဲ့ကြောင့်   အရှက်ခွဲရမှာ တုန်း။  ကြံကြံဖန်ဖန်ဗျာ။  အလုပ်ဟူသမျှ ဂုဏ်ရှိစွတို့၊ လုပ်အားဖြင့် နိုင်ငံတည်တို့ပဲ ကြားဖူးတာ။ ခင်ဗျားအလှည့်ကျမှ  ရုံးဝန်ထမ်းတွေ ရုံးမသွားဘဲ နေကြရမလားဗျာ”
“ရှင်က ဆယ်အိမ်ခေါင်းဖြစ်ပြီး နိုင်ငံရေးအမြင် အားနည်းတယ် နော်။ CDM လုပ်နေကြတာ ရှင်မသိဘူးလား။ ဝန်ထမ်းအားလုံး CDM  မလုပ်ရင်  မဖြစ်ဘူး။  ဒါက   လုပ်ကိုလုပ်သင့်တာ။   အလုပ်သွားစရာ လုံးဝမလိုဘူး”
“အပျိုကြီး   ခင်ဗျားဦးနှောက်   အားဆေးဝယ်သောက်လေဗျာ။   ဝန်ထမ်းဆိုတာ  ဘယ်အစိုးရတက်တက် နိုင်ငံနဲ့  နိုင်ငံသားတွေအတွက် အလုပ်လုပ်တာဗျ။ ဘယ်အစိုးရအတွက်ဆိုပြီး ရွေးလုပ်လို့ရကောင်း လားဗျာ”
“အို... ရှင်မသိပါဘူး။  ဆရာဝန်တွေ၊  အင်ဂျင်နီယာတွေ၊ ဘဏ် ဝန်ထမ်းတွေကစလို့  နိုင်ငံ့ဝန်ထမ်းတွေ လုပ်နေကြတာ။   သူတို့ကို  ထောက်ပံ့ပေးတဲ့   အဖွဲ့အစည်းတွေလည်း အများကြီးပဲ။ နေစရာ၊ စားသောက်စရာနဲ့     လစာတွေတောင်  ပေးထားကြတာတဲ့။ ကိုယ်ကြိုက်တဲ့   အစိုးရမတက်မချင်း    အလုပ်မဆင်းကြဘူးတဲ့။ ရုံးမတက်နဲ့  ရုန်းထွက်တဲ့။ အလုပ်မသွားကြလို့   အချို့ရုံးတွေဆိုရင် အလုပ်တာဝန်တွေ အခက်အခဲဖြစ်လာကြသတဲ့”
“အဲဒီတော့ တိုင်းပြည်က ကောင်းစားသွားရောလားဗျာ။ ထောက်ပံ့ တဲ့  အဖွဲ့အစည်းဆိုတာရော   ဘယ်က အဖွဲ့အစည်းတွေလဲဗျ။  ကျွန်တော်ဖြင့် ပေါ်ပေါ်ထင်ထင် မတွေ့ပါဘူး။  မြေအောက်အဖွဲ့အစည်း တွေ ထင်ပါရဲ့။ ဒါနဲ့ ဌာနအကြီးအကဲတွေက ဝန်ထမ်းတွေ အဲဒီလို လုပ်တာကို ဘာမှအရေးမယူဘူးလားဗျ။  နိုင်ငံ့ဝန်ထမ်းတွေမှာ  လိုက် နာရမယ့် တာဝန်တွေရှိတယ်ဗျ။ ၂၀၁၇ ခုနှစ်မှာ ဝန်ထမ်းတွေ ဖတ်ရှုဖို့ ထုတ်ဝေထားတဲ့ ဝန်ထမ်းကျင့်ဝတ်စာအုပ်ထဲမှာ ကျွန်တော် ဖတ်ဖူး တယ်။ နိုင်ငံတော်ရဲ့   ကျေးဇူးသစ္စာကို  စောင့်သိရိုသေဖို့၊  ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်တွေကို  လိုက်နာဖို့၊ ပေးအပ်ထားတဲ့   တာဝန်တွေ၊    ဝတ္တရားတွေကို    ကျေပွန်အောင် ထမ်းဆောင်ဖို့၊   ပါတီနိုင်ငံရေး  ကင်းရှင်းဖို့၊  ပြည်သူကို  ရိုသေလေးစား စွာ ဝန်ဆောင်မှုပေးဖို့ စတာတွေပါတယ်လေဗျာ”
“ဒါဆိုရင် မလိုက်နာတဲ့ဝန်ထမ်းတွေကျ တာဝန်ချိုးဖောက်တယ်လို့  ပြောချင်တာလား   ကိုသံချောင်းရဲ့။   အခုလှုပ်ရှားမှုက  နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက်ပဲ မဟုတ်လား”
“အပျိုကြီး ဒီတစ်ချက်တော့  အတော်မှားနေပြီဗျာ။  နိုင်ငံတော်နဲ့ နိုင်ငံသားတွေ   အကျိုးစီးပွားလည်း   ပြောသေး၊ ဆရာဝန်တွေက ဆေးမကုကြတော့ဘူးဆိုရင်   လူနာတွေ ဘယ်လောက်ဒုက္ခရောက်ကြ မလဲဗျာ။ ဆရာတွေက   စာမသင်ကြဘူးဆိုရင် ကလေးတွေ ပညာရေး မတွေးဝံ့ပေါင်ဗျာ။ ဝန်ထမ်းတွေက  ရုံးအလုပ်တွေ  မလုပ်ကြဘူးဆိုရင် တော့   အတော်လေးထိရောက်တဲ့  ကမ်ပိန်းပေါ့ဗျာ။   ပြည်သူတွေ အတွက် ကောင်းကျိုးမဟုတ်ဘူး။ ဆိုးကျိုးဖြစ်တာပါဗျာ။ အစ်မကြီး နားလည်အောင်ပြောရရင်   ဝန်ထမ်းတွေမှာ   အလုပ်ချိန်နဲ့ဆိုင်တဲ့ စည်းကမ်းတွေ ရှိတယ်ဗျ။ လုံလောက်တဲ့အကြောင်းမရှိဘဲ   အလုပ်ချိန် နောက်ကျလို့ မရသလို    အလုပ်ထဲကလည်း    စောပြီးမဆင်းရဘူးဗျ။   ခွင့်စည်းကမ်းဖောက်ပြီး   ခွင့်မဲ့ပျက်တာ၊   ခိုင်လုံတဲ့အကြောင်းမရှိဘဲ ခွင့်ကုန်ဆုံးပြီး   အလုပ်ခွင်ပြန်မရောက်တာမျိုး   မလုပ်ရဘူးလို့ စည်းကမ်းချက်တွေ ရှိတယ်ခင်ဗျ”
“စိတ်ဝင်စားစရာပဲရှင့်။    ကျွန်မသိတာတော့   CDM  လုပ်ရင်  ဝန်ထမ်းတွေကို လစဉ်ထောက်ပံ့တဲ့ ပိုက်ဆံလည်းရမယ်။ အချိန်တန်လို့ ကိုယ့်အစိုးရတက်လာရင် အလုပ်လည်း အရင်အတိုင်းပြန်ရမယ်တဲ့။ အဲဒီကျရင် CDM လုပ်တုန်းက  လစာတွေကိုပါ  စုဆောင်းပြီးသား ဖြစ်မယ်တဲ့။  ခုတိုင်းဆို  ဘယ်လိုဖြစ်မလဲ  သိချင်လာပြီ”
“နိုင်ငံ့ဝန်ထမ်းဖြစ်ဖို့ဆိုတာ    မလွယ်ဘူး အပျိုကြီးရေ။ စည်းကမ်း ချက်တွေလည်း အများကြီးရှိတာ။ လုပ်ငန်းခွင်ထဲမှာ   ပြုမူဆက်ဆံဖို့ အတွက် စည်းကမ်းတွေထဲက အချက်တချို့ကို ကျွန်တော် ပြောပြမယ်။ အလုပ်ခွင်   ငြိမ်းချမ်းသာယာမှုကိုဖြစ်စေ၊  ဝန်ထမ်းအချင်းချင်း   စည်းလုံးညီညွတ်မှုကိုဖြစ်စေ ပျက်ပြားအောင် လှုံ့ဆော်တာ၊ ပြုလုပ် တာ၊ လုပ်သူကို အားပေးတာမျိုး တားမြစ်ထားတယ်ဗျာ။ နိုင်ငံတော်နဲ့   နိုင်ငံတော်အစိုးရကို   အကြည်ညိုပျက်စေမယ့်   စာအုပ်စာတမ်းတွေ   ရေးသားတာ၊ ဖြန့်ဝေတာမျိုးလည်း လုပ်လို့မရဘူး။ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများထဲက  နည်းဥပဒေ  ၁၆၃  မှာ  နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ လှုပ်ရှားမှုတစ်ခုခုမှာ ပါဝင်တာ၊ လှုံ့ဆော်တာနဲ့    အားပေးကူညီတာမျိုးလည်း   မလုပ်ရဘူးဆိုပြီး အတိအလင်း ပြဋ္ဌာန်းထားတယ်ဗျ”
“နိုင်ငံ့ဝန်ထမ်းဖြစ်ရတာလည်း  အတော်ကို တင်းကျပ်တာပဲနော်။ ဒီလိုကျင့်ဝတ်တွေ၊ စည်းကမ်းတွေကို ဝန်ထမ်းတွေက မသိကြတာများ လား”
“သိတဲ့သူရှိသလို    သေသေချာချာမသိတဲ့သူလည်း  ရှိနိုင်တာပေါ့ ဗျာ။ သတိမမူ ဂူမမြင် ဆိုသလို   သိသလို  မသိသလို  ဆိုရင်တော့ မဖြစ်ဘူးဗျ။ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၄၁ အရ ဝန်ထမ်းတစ်ဦးဟာ ကျင့်ဝတ်တွေ မလိုက်နာဘူး၊ စည်းကမ်းတွေကို ဖောက်ဖျက်မယ်ဆိုရင်   အရေးယူလို့ ရပါတယ်။ ခိုင်လုံတဲ့  အထောက်အထားတွေအရ   အပြစ်ရှိ ကြောင်း ထင်ရှားနေတဲ့  ကိစ္စတွေမှာ  ဝန်ထမ်းကို ဌာနဆိုင်ရာ   စုံစမ်း စစ်ဆေးခြင်း မပြုဘဲတောင် ထိုက်သင့်တဲ့  ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ကို ချမှတ်နိုင်တယ်ဆိုပြီး  နိုင်ငံ့ဝန်ထမ်း  ဥပဒေပုဒ်မ ၄၀  မှာ  ဖော်ပြထား တယ်ဗျ”
“ကျွန်မ  သိတာက   ခွင့်နဲ့ဖြစ်စေ၊   ခွင့်မဲ့ဖြစ်စေ အလုပ်ခွင်ကနေ  တစ်ဆက်တည်း ငါးနှစ်နေလို့ရတယ်တဲ့။ ငါးနှစ်ကျော်ပြီးတဲ့  တစ်ရက် ကျတော့မှ   ဝန်ထမ်းအဖြစ်က    အလိုလိုရပ်ဆိုင်းတာလို့ ဆယ်လီ တစ်ယောက်လိုက်ဖ် (live) လွှင့်ထားတယ်လေ၊ အဲဒါကရောရှင့်”
“အဲဒီပြဋ္ဌာန်းချက်က   နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ  ၁၂ နဲ့ ၁၃ အရ ပြောထားတာဖြစ်ပြီး အဲဒါကို လိုရာဆွဲပြောထားကြတာပါ။ အဲဒီပြဋ္ဌာန်း ချက်က တာဝန်ကနေ ယာယီရပ်ဆိုင်းခြင်းခံရတဲ့အတွက် အလုပ်ခွင် ကနေ ကင်းကွာနေတဲ့ ဝန်ထမ်းတွေနဲ့  မသက်ဆိုင်စေရဆိုပြီး နည်း ဥပဒေမှာ ပါတယ်ခင်ဗျ။ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အရေးယူခြင်းနဲ့ ပြစ်မှု၊ ပြစ်ဒဏ်တွေအကြောင်းကို အသေးစိတ်သိချင်ရင် နိုင်ငံ့ဝန်ထမ်းဥပဒေ နဲ့ နည်းဥပဒေတွေမှာ ကိုယ်တိုင်သာ ရှာဖွေဖတ်ကြည့်ပေါ့။


“ဆက်ပြီးပြောရရင် နိုင်ငံ့ဝန်ထမ်းတွေဆိုတာ နိုင်ငံတော်အစိုးရရဲ့ မူဝါဒ၊ ရည်မှန်းချက်တွေနဲ့ လုပ်ငန်းစဉ်အပေါ် တည်မှီပြီး နိုင်ငံ့ဝန်ထမ်း ဥပဒေနဲ့   နည်းဥပဒေမှာပါတဲ့   ပြဋ္ဌာန်းချက်တွေနဲ့အညီ ပေးအပ်တဲ့ တာဝန်တွေကို    ကျရာကဏ္ဍကနေ   တာဝန်သိသိ၊  သစ္စာရှိရှိနဲ့ လုပ်သင့်တာ မဟုတ်ဘူးလားဗျာ။ ဝန်ထမ်းတွေကို ခံစားခွင့်တွေ အများကြီး  သတ်မှတ်ပေးထားတယ်။   ပင်စင်ခံစားခွင့်၊  မီးဖွားခွင့်၊ ရာထူးတိုးမြှင့်ခံစားခွင့်   စသဖြင့် အများကြီးရှိပါတယ်။  ခံစားခွင့်တွေ ရှိသလို   ထမ်းဆောင်ရမယ့်  တာဝန်၊  လိုက်နာရမယ့်   စည်းကမ်း၊ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကိုလည်း   မမှိတ်မသုန်လိုက်နာသင့် တယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်”
“ဟုတ်ပါပြီရှင်။ အဲဒါဆိုရင်တော့ ဥပဒေနဲ့အညီ တာဝန်၊ စည်းကမ်း နဲ့ ကျင့်ဝတ်တွေ လိုက်နာကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အနှောင့်အယှက် မပေးတော့ပါဘူး။  ပြီးခဲ့တဲ့ရက်က  ရှင့်ကိုပြောခဲ့သလိုပေါ့။ ကျွန်မက ဒီမိုကရေစီစနစ်ကို   ကြိုက်တယ်လေ။  

စကားပြောကောင်းနေတာ ပြန်လိုက်ပါဦးမယ်ရှင့်။ ကျွန်မမိတ်ဆွေ CDM လုပ်နေတဲ့ ဝန်ထမ်းတွေ ကို အကျိုးအကြောင်း ပြောပြလိုက်ဦးမယ်။ ဒါမှ သူတို့ ချင့်ချိန်နိုင်အောင် လို့လေ”
“ကောင်းပါပြီဗျာ။ စိတ်မချလို့ လိုက်ပို့ပေးပါရစေ မစာဥရယ်”
“အို...ရှင်ကလည်း ခြံစည်းရိုးလေးတစ်ဖက်ကူးလိုက်တာနဲ့ ကျွန်မ အိမ်ဆီ ရောက်ပြီးသားကို။ မလိုပါဘူးရှင်”
မစာဥ၏ ခြေလှမ်းများက သွက်သည်။ မကြာမီ သူသိသွားသမျှကို ရှဲ (Share)  စရာ  မလိုဘူး၊  ကော်ပီ (Copy)  လုပ်ပြီးတင်ဟူသည့် စာသားဖြင့်  ဖေ့စ်ဘွတ်တွင် ပို့စ်  (Post)   တော့မည်  ဟူသည်ကား ဗေဒင်မေးရန်မလိုအောင်ပင်  ကိုသံချောင်းက  အတပ်သိလိုက်လေ သည်။         ။