နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံသူ၊ နိုင်ငံသားများ၏အကျိုးကို ဖော်ဆောင်ပေးနိုင်ရမည် ပြည်သူ့အကျိုးနှင့် ပတ်သက်လာပါက မှန်မှန်ကန်ကန် ပြောဆိုဆက်ဆံရမည် ပြည်သူလူထုက လက်ခံသည့် အစိုးရဝန်ထမ်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်

 

နေပြည်တော်  ဖေဖော်ဝါရီ   ၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင်       ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများအား ပုသိမ် လေဆိပ်ဧည့်ခန်းမဆောင်၌    တွေ့ဆုံအမှာစကား ပြောကြားသည်။

 


အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်တောင် တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့   ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


အားကိုးအားထားရသည့် တိုင်းဒေသကြီးဖြစ်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က   အမှာစကားပြောကြား ရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် တည်ငြိမ်အေးချမ်းရေးမှ အစပြု၍ ဘက်ပေါင်းစုံတွင် ကောင်းမွန်သည့် အခြေ အနေတွင်ရှိနေပြီး   ကျေနပ်ဖွယ်ရာကောင်းသည့်၊ မိမိတို့မြန်မာနိုင်ငံအတွက် အားကိုးအားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊    ထိုကဲ့သို့သော အခြေအနေတွင်      ရပ်တည်နိုင်နေခြင်းမှာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အားလုံး ၏ ကောင်းမွန်သည့် လုပ်ဆောင်ချက်များနှင့် ဒေသခံ ပြည်သူလူထုတို့၏ ဝိုင်းဝန်းပူးပေါင်းပါဝင်မှုကြောင့် ပင်ဖြစ်ကြောင်း၊    ထိုကဲ့သို့    ကောင်းမွန်သည့် လုပ်ဆောင်ချက်ကောင်းများနှင့် အစဉ်အလာကောင်း များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

 


ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းစွာ ဆောင်ရွက် လျက်ရှိပြီး လက်ရှိအထွက်နှုန်းထက် ပိုမိုတိုးတက် အောင် ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း၊ ထိုသို့ ဆောင်ရွက်စေရခြင်းမှာလည်း  တစ်ဦးချင်း တစ်ယောက်ချင်းစီ၏ ဝင်ငွေများ တိုးပွားလာမှုမှ အစပြု၍ ဒေသတွင် နေထိုင်သူများအားလုံး၏ ဝင်ငွေ များ   ယခင်ကထက်  တိုးတက်ကောင်းမွန်လာပြီး ဒေသတွင်း      လည်ပတ်သုံးစွဲငွေ   များပြားလာကာ လူမှုစီးပွားဘဝများလည်း    တိုးတက်လာနိုင်မည် ဖြစ်သောကြောင့်ဖြစ်ကြောင်း၊   အထွက်နှုန်း   ပိုမို ကောင်းမွန်ပြီး  ပြည်ပနိုင်ငံများသို့ပါ  တင်ပို့နိုင်မည် ဖြစ်ကာ နိုင်ငံတော်၏ စီးပွားရေးအားသည်လည်း တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော် မှ အခွန်ငွေများ ပိုမိုရရှိလာနိုင်မည်ဖြစ်ပြီး နိုင်ငံတွင်း လည်ပတ်သုံးစွဲငွေများ ပိုမိုများပြားလာပါက နိုင်ငံသူ၊ နိုင်ငံသားများ၏     အကျိုးစီးပွားကိုလည်း   ပိုမို ဖော်ဆောင်နိုင်မည်ဖြစ်သဖြင့် အားလုံးက ဝိုင်းဝန်း ကြိုးပမ်းကြစေလိုကြောင်း။

 


ထို့ပြင် ဒေသတွင်း စီးပွားရေးပိုမိုကောင်းမွန်စေရေးအတွက်  ခရီးသွားလုပ်ငန်း  ဖွံ့ဖြိုးတိုးတက်ရေး ကိုလည်း ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ အိမ်သာ မှသာလျှင် ဧည့်လာမည်ဖြစ်သဖြင့် မိမိတို့နေထိုင်ရာ အိမ်၊ လမ်းမှအစပြု၍ သန့်ရှင်းသပ်ရပ်သော ပတ်ဝန်း ကျင်ကို ဖန်တီးနိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသ အတွင်းရှိ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများကိုလည်း        ကြည်ညိုသပ္ပာယ်ဖွယ် ဖြစ်အောင် ဆောင်ရွက်ထားရှိပါက မြင်သူအပေါင်း တို့ကို စိတ်ချမ်းမြေ့စေမည်ဖြစ်ပြီး နောင်များတွင် လည်း လာရောက်လည်ပတ်လိုစိတ်များ ဖြစ်ပေါ်လာ မည်ဖြစ်ကြောင်း၊ ရုံးလုပ်ငန်းများကိုလည်း စည်းကမ်း စနစ်တကျဖြင့် စေတနာထား ဆောင်ရွက်ရန်လိုပြီး ဌာနများအားလုံး        သန့်ရှင်းသပ်ရပ်မှုရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊      လေကောင်း လေသန့်ရရှိရေးနှင့် အလင်းရောင်ကောင်းမွန်စွာရရှိ ရေးအတွက်လည်း သစ်ပင်သစ်ကိုင်းများ၊ ချုံနွယ်များ ကို အလင်းဖွင့်ခြင်း၊ အောက်ခြေရှင်းခြင်းများ ဆောင် ရွက်ခြင်းဖြင့် ကျန်းမာရေးကိုလည်း အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း။

 


နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့၏ တစ်ဦးချင်း လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ဆောင်ရွက် ရန်တာဝန်ရှိသကဲ့သို့ သတင်းလုံခြုံမှု မကျိုးပေါက် စေရေးအတွက်လည်း    သတိပြုဆောင်ရွက်ကြရန် လိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံ့ဝန်ထမ်း များ လိုက်နာရမည့် စည်းကမ်းများနှင့်အညီ လုပ်ကိုင် ဆောင်ရွက်ရမည်ဖြစ်ပြီး  မိမိကိုယ်ကို သစ္စာရှိရမည်၊ မိမိဌာနနှင့်   လုပ်ဖော်ကိုင်ဖက်များအပေါ်   သစ္စာရှိ ရမည်၊  နိုင်ငံတော်အပေါ်  သစ္စာရှိရမည်ဖြစ်ကြောင်း၊ အထက်နှင့်အောက်   ကောင်းမွန်သည့်ဆက်ဆံရေး ရှိရမည်ဖြစ်ပြီး   လုပ်ငန်းတာဝန်များကို   စေတနာ အပြည့်ဖြင့် ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်း များ၏ ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်နှင့် အခွင့် အရေးများကို ပြည့်ပြည့်ဝဝရရှိအောင် ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ အချင်းချင်း မိသားစုကဲ့သို့ ထိတွေ့ဆက်ဆံကာ   လူမှုရေးအခက်အခဲ၊  မိသားစု အခက်အခဲများကို    ညှိနှိုင်းဆောင်ရွက်ပေးရမည် ဖြစ်ပြီး  တစ်ဦးနှင့်တစ်ဦး    ကူညီဖေးမဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။

 


ပေါင်းကူးပေးသည့် ပုဂ္ဂိုလ်များ၊ ဌာနများဖြစ်


နိုင်ငံ့ဝန်ထမ်းများသည်  အစိုးရနှင့်  ပြည်သူများ အကြား ပေါင်းကူးပေးသည့် ပုဂ္ဂိုလ်များ၊ ဌာနများပင် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံသူ၊ နိုင်ငံ သားများ၏   အကျိုးကို   ဖော်ဆောင်ပေးနိုင်ရမည် ဖြစ်ကြောင်း၊   နိုင်ငံ့ဝန်ထမ်းများအနေဖြင့်  ပြည်သူ့ အကျိုးနှင့် ပတ်သက်လာပါက မှန်မှန်ကန်ကန်နှင့် ပြောဆိုဆက်ဆံရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုက လက်ခံသည့် အစိုးရဝန်ထမ်းများဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ အချို့သော ပညာရေး ဝန်ထမ်းများနှင့်   ကျန်းမာရေးဝန်ထမ်းများသည် ၎င်းတို့၏အလုပ်ကို   ကျေပွန်စွာနှင့်   ပေါင်းသင်း ဆက်ဆံရေးကောင်းစွာ ဆောင်ရွက်နိုင်သောကြောင့် ပြည်သူများကပင်     ၎င်းတို့၏   ဒေသများ၌ပင် ဆက်လက်တာဝန်ထမ်းဆောင်ပေးရန်  တောင်းဆို ရသည့် သာဓကများလည်း ရှိပြီးဖြစ်ကြောင်း။

 


နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ နေရေးအထောက်အကူဖြစ်စေရန်အတွက် လိုအပ် သည့် ဖြည့်ဆည်းပေးမှုများကိုလည်း သတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ပေးထားကြောင်း၊ မိမိတို့ ဆောင်ရွက်ပေးသည့်     သက်သာချောင်ချိမှုသည် ပြည့်စုံသည်မဟုတ်သော်လည်း အတိုင်းအတာတစ်ခု အထိ အထောက်အကူဖြစ်စေမည်ဖြစ်ပြီး လုပ်ငန်းတာဝန်ထမ်းဆောင်မှုများတွင်လည်း  ပိုမိုအကျိုး ဖြစ်ပေါ်လာစေမည်ဟု ယုံကြည်ပါကြောင်း။

 


ပညာရေးနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသ ကြီးသည် ကျောင်းတက်ရောက်သူဦးရေ အများဆုံး၊ ကျောင်းနေထိုင်မှုနှင့်         အောင်ချက်ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကျောင်းနေ အရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး ပညာ ရေးကို     အားပေးဆောင်ရွက်လျက်    ရှိကြောင်းနှင့် နိုင်ငံသားအားလုံး KG+9 အောင်မြင်စေရေးအတွက် စီမံဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊     နိုင်ငံ့ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့၏ သားသမီးများ ၏   ပညာရည်မြင့်မားရေးကို  အားပေးဆောင်ရွက် ကြစေလိုပြီး ကောင်းမွန်သည့် ပညာအမွေကို ပေးနိုင် ရမည်ဖြစ်ကြောင်း။

 


 စံထားအတုယူရအောင် ဆောင်ရွက်


ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးရေး တွင်   စံပြဖြစ်အောင်   ဆောင်ရွက်စေလိုပြီး  အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များက စံထားအတုယူ ရသည်အထိဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိအနေဖြင့်လည်း       ဧရာဝတီတိုင်းဒေသကြီး၏ ဆောင်ရွက်ချက်များအားလုံးကို    အသိအမှတ်ပြု အားပေးပါကြောင်းနှင့် ဆက်လက်၍လည်း ကြိုးစားအားထုတ်သွားကြစေလိုကြောင်း  ပြောကြားသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့   ဌာနဆိုင်ရာ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်