
နေပြည်တော် ဖေဖော်ဝါရီ ၂၇
တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန အမှုထမ်းများ ရုံးလုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယအမြဲတမ်းအတွင်း ဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ သင်တန်းသား သင်တန်းသူ များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသ ကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်း သားကျေးရွာ(ရန်ကုန်)မှ သင်တန်း သား သင်တန်းသူများက Onlilne ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှုထမ်းများအနေဖြင့် ပို့ချမည့် ဘာသာရပ်များကို ကောင်းမွန်စွာ လေ့လာမှတ်သားပြီး လုပ်ငန်းခွင် တွင် ထိထိရောက်ရောက် မှန်ကန် စွာ လက်တွေ့ကျကျ အသုံးချ ဆောင်ရွက်နိုင်ရန် အထူးလိုအပ် ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများသည် နိုင်ငံတော်အစိုးရကိုယ်စား တာဝန် ထမ်းဆောင်နေကြသူများ ဖြစ် ကြောင်း၊ အစိုးရနှင့်ပြည်သူများ အကြား ပေါင်းကူးဆက်စပ်ပေး သည့်လူပုဂ္ဂိုလ်များ၊ ဌာနများဖြစ် ကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံ သူ၊ နိုင်ငံသားများ၏ အကျိုးစီးပွား ကို မှန်ကန်သစ္စာရှိစွာ ဖော်ဆောင် ပေးနိုင်သူများဖြစ်ရန် လိုအပ် ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်ကို ကောင်းစွာသိရှိနားလည် ပြီး ဝီရိယ၊ သစ္စာ၊ ဉာဏ၊ သမာဓိ ရှိရှိဖြင့် နိုင်ငံ့ဝန်ထမ်းများအတွက် ပြဋ္ဌာန်းထားရှိသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ ထမ်း ဆောင်တတ်သည့် ဝန်ထမ်းကောင်း များဖြစ်စေရန်နှင့် မိမိနိုင်ငံနှင့် ဝန်ကြီးဌာနအပေါ် သစ္စာရှိစွာဖြင့် စွမ်းဆောင်ရည် မြင့်မားမှုကို ပေါင်းစပ်ပြီး တက်တက်ကြွကြွ ကြိုးစားဆောင်ရွက်ကြရန် အထူး တိုက်တွန်းကြောင်း ပြောကြား သည်။
အဆိုပါသင်တန်းသို့ သင်တန်း သား သင်တန်းသူ ၅၈ ဦး တက် ရောက်ကြပြီး သင်တန်းကာလကို ရက်သတ္တ နှစ်ပတ်ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်